သစ်ပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းနှင့် အုတ်အနီရောင်တွေ ခင်းကျင်းထားမှုက သူ မတူသည့် ဟားဗက် စာကြည့်တိုက်၏ အသွင်အပြင် ဖြစ်သည် ။
တက္ကသိုလ် အနီးရှိ ကော်ဖီဆိုင်တွင် အချိန်ပိုင်းအလုပ်၀င်သော Jimin နှင့် စာကြည့်တိုက်လာတိုင်း ဆုံလေ့ရှိသည် ။ အရင်အချိန်တွေက စာလေ့လာရန်နှင့် ဗဟုသုတ ရှာမှီးရန် စာကြည့်တိုက်ကို လာဖြစ်ခဲ့သော်လည်း ခုရက်ပိုင်းတွင်တော့ ရည်ရွယ်ချက်သည် ပေါင်မုန့်လုံးနှင့် တူသော ကောင်လေးနှင့် တွေ့ဆုံဖို့ ဖြစ်လာခဲ့၏။
လူအမြဲပြည့်နေတတ်သော စာကြည့်တိုက်၏ လှေကားထစ်လေးများက သူတို့ စကားစမြည်ပြောနေကျ နေရာလေး ။ အတူကြည့်ခဲ့ကြဖူးသည့် မြင်းပွဲကအစ စာအုပ်၊ ၀တ္ထု၊ ရုပ်ရှင်ဇာတ်လမ်းအထိ သူတို့ အတိုင်အဖောက် ညီညီ ငြင်းခုန် ပြောဆိုကြသည် ။
" ရုပ်ရှင်တစ်ခုရဲ့ ဇာတ်သိမ်းခန်းကို ကိုယ့်စိတ်ကြိုက် ပြောင်းလဲခွင့်ရမယ်ဆိုရင် ဘယ်ဇာတ်သိမ်းခန်းကို ပြောင်းလဲချင်လဲ "
" Roman Holiday ... "
ထူထူအမ်းအမ်း နှုတ်ခမ်းလေးတွေမှ မဆိုင်းမတွ ဖြေဆိုသည် ။ လှေကားဘောင်ကို မှီပြီး နားထောင်နေသည့် သူ့မျက်ခုံးတွေ မဆိုသလောက်လေး မြင့်တက်သည် ။ သိရသလောက် ထိုရုပ်ရှင်ဇာတ်ကားသည် Romance/Comedy အမျိုးအစား ။ ဇာတ်သိမ်းမှာ မင်းသား၊ မင်းသမီး မဆုံဆည်းရသည်သာရှိသည် ။
" ဘာလို့ ပြောင်းချင်ရတာလဲရော ပြောရဦးမလား "
ငြိမ်သွားသည့် သူ့ကို စကားထောက်ကာ ရင်ကိုမြင်နေရသလို ဦးတည်လာသည့်အမေး ။ အချိတ်အဆက်မိပြီးသားနှစ်ယောက်မို့ ရှေ့ဆက်ဖို့ မေးလေးသာ ဆက်ပြမိသည် ။
" နန်းတွင်းရေးရာတွေနဲ့ စိတ်တွေဖိစီးရှုပ်ထွေးနေရတဲ့ မင်းသမီးတစ်ယောက်ရဲ့ တစ်နေ့တာ လွပ်လပ်ပျော်ရွှင်မှု "
" ဆေးထိုးခံရပြီး အသိစိတ် မပြယ့်တပြယ်မှာတောင် သူ လွတ်မြောက်နိုင်ခဲ့လို့ ပျော်တယ်ဆိုပြီး တဖွဖွပြောနေခဲ့တာ ... "
" အလွဲအချော်တွေကြားမှာ အချစ်ကို တွေ့ခဲ့ပေမယ့် ပိုင်ဆိုင်ခွင့်မရှိခဲ့ဘူး ။ အစဉ်အလာတွေကို ငဲ့ကွက်ပြီး ချစ်သူရင်ခွင်ကနေ လာလမ်းအတိုင်း ပြန်သွားခဲ့ရတယ် "
YOU ARE READING
T H I R D
Fanfiction" လိုတာအကုန် ရနေပြီးတော့ လူအားလုံးရဲ့ အချစ်ကိုခံနေရတာတောင် မင်းက ဘာကို လိုချင်နေသေးတာလဲ ? " " ကျွန်တော် ... ကျွန်တော့်အမျိုးသားကိုပဲ ပြန်လိုချင်ပါတယ် "