3rd - IX

1K 174 13
                                    

Scotland နိုင်ငံသည် ကိုကို နေထိုင်ရာ US မှ နာရီပေါင်း ၉နာရီ ကြာ စီးရသော ခရီးဖြစ်သည် ။ ကိုကို့ အဖိုးဖြစ်သူ ဂျွန်မင်ဟွာ သည် Scotland တွင် နေထိုင်ပြီး မရောက်ဖူးသည့် အငယ့်အတွက် ကိုကို့မာမီ စီစဥ်သော ခရီးစဉ်လေးလည်း ဖြစ်၏ ။

တိတ်တခိုး ချစ်မြတ်နိုးရသူနှင့် နှစ်ယောက်အတူ ဆိုသည့် စိတ်ကလေးက နှလုံးသားကို လေပြေတွေ ညင်သာစွာ တိုးဝှေ့တိုက်ခတ်ခံရသည့်နှယ် အသည်းတအေးအေးရှိလှသည် ။ အချိန်ရှိတိုင်း ပြုံးနေမိခြင်းလေးသည် ရင်တွင်းပီတိလေးများမှ ဖိတ်လျှံကျ‌လာသော ကြည်နူးမှုအပိုင်းအစလေးများဖြစ်သည် ။

လေဆိပ်တွင် ခရီးစဉ်အတွက် ကိုကို့ ဦးဆောင်မှုလေးနောက် အငယ် ငြိမ်ငြိမ်သက်သက် လိုက်ပါရသည် ။ အလုပ်ရှုပ်နေသည့် ကိုကိုက ထိုင်ခုံတန်းတွေမှာ သူ့ကို သက်တောင့်သက်သာ ထိုင်စောင့်စေတာမို့ နှစ်ယောက်သား၏ ပစ္စည်းအနည်းငယ်နှင့်အတူ မပျင်းမရိ အထုတ်စောင့်လေး လုပ်ရသည် ။

Ring ... Ring

တုန်ခါသံသည် ကိုကိုထားခဲ့သည့် ကျောပိုးအိတ်မှ ဖြစ်ပြီး ဖုန်းလာနေသည်ကို အသိပေးဖို့ ကိုကို့အား အနီး၀န်းကျင်တွင် ရှာကြည့်မိသည် ။ အရိပ်အယောင်လေးတောင် မတွေ့ရလို့ ထလိုက်သွားချင်သော်လည်း အထုတ်အပိုးတွေကို ထားခဲ့၍ မဖြစ် ။

တွေဝေနေစဉ် ဖုန်းခေါ်သံလေးလည်း ပြန်ငြိမ်သက်သွားတာမို့ ကိုကို ပြန်လာမှ ပြောလိုက်မည်ဟု တွေးရင်းသာ ဆော့နေသည့် ဂိမ်းပွဲလေးအား အပြီးသတ်ဆက်တိုက်‌နေလိုက်သည် ။

Ring ... Ring

တဖန် ပြန်မြည်လာသည့် ဖုန်းသံ ။ ကိုကိုဆိုသည်မှာလည်း ယခုထိ ရောက်မလာနိုင်သေး ။ အကယ်၍များ ခေါ်ဆိုသူသည် ကိုကို့မာမီဖြစ်ခဲ့သော် ဆိုသည့် အတွေးလေးနှင့် ကိုကို့ကျောပိုးအိတ် ဘေးဇစ်အတွင်းမှ ဖုန်းလေးကို ထုတ်ယူလိုက်သည် ။

Lemon

Contact Name နှင့်အတူ ပေါ်နေသည့် ဓာတ်ပုံပိုင်ရှင်သည် အငယ် ထင်ထားသလို ကိုကို့ မာမီ ထံမှ မဟုတ် ။ တစ်ခုသောကာလက သူ့အပိုင် ကားရှေ့ခန်းက ကိုကို့ဘေးထိုင်ခုံလေးကို လုယူသိမ်းပိုက်သွားဖူးသည့်သူ ။

T H I R D Unde poveștirile trăiesc. Descoperă acum