(Unicode)
ကမ်းခြေမှာသုံးရက်လောက်ထပ်လည်ပတ်ပြီးမှာသာ ရှောင်းကျန့်တို့ကပြန်လာလိုက်တယ် အပြန်ခရီးကိုတော့ ရိပေါ်ကကိုယ်တိုင်ကားမောင်းလာပြီး ရှောင်းကျန့်ကတော့ lover seat မှာအေးဆေးထိုင်ပြီးလိုက်လာတယ် ကျောင်းကိုတော့ရိပေါ်သဘောအတိုင်းပဲ့ လက်ထပ်ပွဲပြီးမှပြန်တက်ရမှာဖြစ်တယ်
ရိပေါ်တို့ကားကရှောင်းအိမ်တော်ထဲကိုဝင်လာတာနဲ့ ရှောင်းမားကအိမ်ထဲကနေထွက်လာပြီး ရှောင်းကျန့်တို့ကိုကြိုဆိုတယ် ရှောင်းကျန့်ကကားပေါ်ကဆင်းတာနဲ့ရှောင်းမားကိုပြေးဖက်လိုက်ပြီးချွဲတော့တာပဲ့
"မားကိုလွမ်းနေတာ"
"မားကိုမခွဲချင်းအောင်ချွဲနေပြန်ပါပြီးအဆိုးလေးက"
"မားကလည်း"
"လာလာအိမ်ထဲအရင်ဝင်ရအောင် အထဲမှာရိပေါ်ရဲ့ ပါးနဲ့မားလဲရောက်နေတယ်"
"ဟုတ်မား"
ရှောင်းကျန့်ကရှောင်းမာလက်ကိုတွဲရင်အည့်ခန်းထဲကိုဝင်လာလိုက်တယ် ရိပေါ်ကတော့ ရှောင်းကျန့်အနောက်ကနေပဲအသာလေးကပ်လိုက်လာတယ် ရှောင်းကျန့်အည့်ခန်းထဲရောက်တော့ သူတို့မိသားစု နဲ့ ရိပေါ်ရဲ့မိသားစု အပြင်နောက်ထပ်လူကြီးတွေပါရှိနေသေးတာကိုတွေ့လိုက်ရတယ် ရှောင်းကျန့်ကအားလုံးကိုနုတ်ဆက်လိုက်ပြီးမှ လွှတ်နေတဲ့ဆိုဖာမှဝင်ထိုင်လိုက်တယ်
"ရောက်လာတာစောသာပဲ မာမီကညနေလောက်မှရောက်မယ်ထင်နေတာ"
"ကျန်ပင်းပန်မှာဆိုးလို မနက်အစောကြီးထွက်လာလိုက်လာမား"
"ခုရောက်လာတာလဲကောင်းသားပဲ့ သားတို့ပါမင်္ဂလာကိစ္စတစ်ခါထဲဆွေးနေရတာပေါ့"
ဝမ်းမားရဲ့စကားကိုရိပေါ်ကပြန်ဖြေရင် ရှောင်းကျန့်ဘေးမှာဝင်ထိုင်လိုက်တယ်
"ကဲ့ လူစုံပြီးဆိုတော့ ရှောင်းသခင်ကြီးတို့ဖက်က မင်္ဂလာပွဲကိုဘယ်လိုဖြစ်စေချင်းလဲမသိဘူး ရှောင်းသခင်ကြီးတို့စိတ်တိုင်းကြ ကျွန်တော်တို့ဖက်ကလိုက်လျောပေးမှာပါ"
"ကျွန်တော်တို့ဖက်ကတော့ ဘာမှသေချာမစဉ်းစားရသေးဘူး သားကိုဒီလောက်အစောကြီး သူများလက်ထဲထည့်ပေးလိုက်ရမယ်လိုမထင်ထားတော့"
YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023