(Unicode)
ရှောင်းကျန့်က ငိုထားတာကြောင့်ရော ဆေးရှိန်ကြောင့်ပါတစ်ရေးထဲအိပ်ပျော်သွားပြီး ပြန်နိုးလာတော့ အခန်းထဲမှာညအိပ်မီးရောင်လေးသာလင်းနေတာတွေ့တယ် သူကုတင်ဘေးနားကစားပွဲပေါ်ကဖုန်းကိုယူပြီးကြည့်လိုက်တော့ အချိန်အားဖြင့်က မနက် 5 နာရီထိုးတော့မယ် အခန်းပတ်ပတ်လဲကိုလိုက်ကြည့်လိုက်မိပြန်တော့ ဆိုဖာပေါ်မှာကွေးကွေးလေးအိပ်ပျော်နေတဲ့ရိပေါ်ကို တွေ့တာကြောင့် အိပ်ယာပေါ်ကထပြီး ဘေးနားသွားပြီး အကြမ်းခင်ပေါ်ထိုင်ချလိုက်တယ်
"လောင်ကုန်းက ကျွန်တော်ကိုဝမ်းနည်းအောင်အရမ်းလုပ်တာပဲ လောင်ကုန်းကိုယုံကြည့်နေပေမယ့် ကျွန်တော်စိတ်ကဘာဖြစ်နေမှန်းမသိဘူး လောင်ကုန်းကိုမြင်တာနဲ့ကို စီနီယာရှင်းလီကိုပါမြင်ယောင်လာပြီးဒေါသထွက်နေမိတယ် ကျွန်တော်ဘယ်လိုလုပ်ရမလဲဟင် ကျွန်တော်လောင်ကုန်းကိုဆုံးရှုံးရမှကြောက်တယ် လောင်ကုန်းကျွန်တော်ကိုထားခဲမှာကိုလဲကြောက်တယ်"
ရှောင်းကျန့်ကရိပေါ်မျက်နှာပြင်တစ်ခုလုံးကို သူလက်ညိုးလေးနဲ့အသာလေးလိုက်ထိကြည့်ရင် တစ်ယောက်ထဲတိုးတိုးလေးရေရွတ်လိုက်တယ် အဲ့ဓာတ်ပုံတွေကြောင့်သာ ရှောင်းကျန့်ကသူစိတ်ကိုသူပိုသိလာတယ်လိုပြောရမလား နောက်ဆုံးတွေ့လိုက်ရတဲ့ video ကြောင့် သူရင်ထဲမှာ သဝန်တိုမူတွေ ၊ မနာလိုမူတွေနဲ့ပြည့်နှက်လာပြီး တနုံ့နုံ့နဲ့ခံစားလိုက်ရတယ် တစ်ဆက်ထဲသူအပိုင်ကိုလုယူချင်းနေတဲ့ စီနီယာရှင်းလီကိုလဲ အပိုင်းပိုင်ဖြတ်ပျက်ချင်းတဲ့အထိ ဒေါသတွေထွက်လာရတယ်
ရှောင်းကျန့်ကရိပေါ်ဘေးနားကကြမ်းခင်ပေါ်ခဏသာဆက်ထိုင်နေပြီးမှ သူကုတင်စီကိုပြန်လာလိုက်တယ် ကြိတ်မှိတ်ပြီးပြန်အိပ်ပေမယ့် ပြန်လဲအိပ်မပျော်တော့တာကြောင့် ရှောင်းကျန့်ကရိပေါ်ကိုစောင်ခြုံပေးလိုက်ရင်း ရိပေါ်နှာဖူးကိုအနမ်းပေးလိုက်ပြီး ဆေးရုံးရဲ့ခေါင်းမိုးထပ်ကိုတက်လာလိုက်တယ်
ရိပေါ်နိုးလာတော့အခန်းထဲအလင်းရောင်တောင်ကောင်းကောင်းဝင်နေပြီးဖြစ်တယ် စာပွဲပေါ်ကဖုန်းကိုယူကြည့်လိုက်တော့ မနက် 7နာရီကျော်နေပြီး ရိပေါ်ကသူကိုယ်ပေါ်မှာခြုံထားပေးတဲ့စောင်ကြောင့် ပြုံးလိုက်မိတယ် ရိပေါ်ကုတင်စီကိုကြည့်လိုက်မိတော့ ရှောင်းကျန့်ကရှိမနေတာကြောင့် ရေချိုးခန်းဖက်ကိုထလာလိုက်တယ်
YOU ARE READING
Make Your Own Destiny (Completed)
FanfictieENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023