MYOD Part 21

4.5K 260 12
                                    

(Unicode)

ရိပေါ်အခန်းထဲအရောက် ကုတင်ဘေးမှာကွေးကွေးလေးထိုင်နေတဲ့ရှောင်းကျန့်ကြောင့် စိတ်ထဲ မချိတင်ကဲဖြစ်သွားရပြီး ရှောင်းကျန့်အနားကိုဖြေးဖြေးချင်းတိုးသွားလိုက်တယ် တစ်ကိုယ်လုံးတုန်နေတဲ့ သူယုန်ပေါက်လေးကသေချာပေါက်‌ကြောက်ပြီးငိုနေပြီးဆိုတာ သူသိတယ်

"ပေါင်းပေ့"

"ဟင့် မလာ...မလာနဲ့"

"ကိုယ်...."

"ကျွန်တော်ဆေးသမားတွေကိုမုန်းတယ် ကြောက်လည်းကြောက်တယ် ကျွန်တော်ယောက်ျားကဆေးသမားဖြစ်နေမယ်လိုမထင်ထားဘူး အီးးးးထွက်သွား!!"

"ကိုယ်မှားသွားပါတယ်ပေါင့်ပေ့ရာ ကိုယ်တောင်းပန်ပါတယ် မငိုပါနဲ့နော် ပေါင့်ပေ့ကိုယ့်ကိုကြည့်ပါဦး"

"ဟင့်! ခဗျားနဲ့မပေါင်းနိုင်တော့ဘူး အိမ်ပြန်မယ်! ဆေးသမားကိုယောက်ျားမတော်နိုင်ဘူး"

သူရင်ဖက်ကိုထုရိုက်ကာပြောနေရင်း အိမ်ထပြန်မယ်လုပ်နေတဲ့ယုန်ဆိုးလေးကို ရိပေါ်က အတင်းဆွဲဖက်ထားရတယ်

"လွှတ်နော် !ကျွန်တော်ဆေးသမားကိုလင်မတော်နိုင်ဘူးလို ခဗျာနဲ့ကွာမယ် အီး လူယုတ်မာ ခဗျားနဲ့မပေါင်းနိုင်တော့ဘူး"

"ပေါင့်ပေ့ စိတ်လျော့ပါအုံးကွာ ကိုယ်မှားသွားပါတယ်"

"မလျော့နိုင်ဘူး! ကျွန်တော်ကိုအခုလွှတ်နော် အိမ်ပြန်မှာဆိုနေ မလွှတ်ရင်အားလုံးကိုလိုက်ပြောပြလိုက်မှာ သူတို့ရဲ့ရိုးအေးတဲ့စီနီယာကဆေးသမားပါဆိုပြီး အီး!"

"ပေါင့်ပေ့မဆိုးနဲ့!!"

"ဘာတွေမှန်နေတာရှိလို လာပြန်အော်နေရတာလဲလူယုတ်မာကြီးရဲ့!! မကောင်းတဲ့အကောင်းကြီးရဲ့! ဟင့်"

"အာ့!!"

သူနဲ့ကွာပြီး အိမ်ပဲထပြန်မယ်လုပ်‌နေတဲ့ယုန်ဆိုးလေးကြောင့် စိုးရိမ်စိတ်နဲ့သူကလေသံနည်းနည်းလေးမာသွားတော့ သူကိုပြန်အော်လာတဲ့အပြင် သူလည်းပင်ကိုလည်းကိုက်လိုက်တာကြောင့် ရိပေါ်ကအတော်လေးနာကျင်သွားရတယ် ဒါပေမယ့်သူယုန်ဆိုးလေးစိတ်ဆိုးပြေတဲ့အထိတော့ ငြိမ်ခံနေပေးလိုက်တယ်

Make Your Own Destiny (Completed)Where stories live. Discover now