(Unicode)
ကျောင်းမနားချင်ပဲနားလိုက်ရတဲ့ရှောင်းကျန့်က ရိပေါ်ကိုတစ်ညလုံးစိတ်ကောက်ပြီးရစ်တော့တာပဲ ရိပေါ်မှာရှောင်းကျန့်ကိုပွေ့ချီထားပြီး အခန်းထဲဟိုဘက် ဒီဘက်လျှောက်ရင်း ရှောင်းကျန့်အိပ်ပျော်ဖို့အရေးမနည်းချော့သိမ့်လိုက်ရတယ်
မနက်အိပ်ယာနိုးလာထဲက ရိပေါ်ဘာမေးမေးခေါင်းပဲခါပြပြီး မျက်နှာမလန်းတဲ့ရှောင်းကျန့်က ယန်ယန် ၊ မင်းယွီ ၊ ဖုန်းယွမ်း ၊ ဂျွန်တို့ရောက်လာချိန်မှာပဲ ရွှင်ပြပြပြန်ဖြစ်လာတယ်
"ငါအထင်မင်းကျောင်းနားလိုက်တာကကောင်းတယ်"
"ငါမှာမနားချင်းတာကို ဒုတိယနှစ်တော့ပြီးအောင်တက်လိုက်ချင်းတယ်"
"နင်တစ်ယောက်ထဲမနားချင်းရင် ငါနဲ့မင်းယွီပါနားလိုက်မယ် ဗိုက်နဲ့ကကျောင်းတက်ဖို့မဖြစ်နိုင်ဘူး အရမ်းပင်ပန်းလိမ့်မယ်"
"ရူးနေလား"
ယန်ယန်ရဲ့စကားကြောင့် ရှောင်းကျန့်ကယန်ယန်ကိုလှည့်ကြည့်ပြီးမျက်စောင်းထိုးလိုက်တယ်
"မင်းအရင်လိုလုံးဝနေလိုမရတော့ဘူးနော်ကျန့်ကျန့် သေချာဂရိုစိုက်ရမယ်ကြားလား"
"ဟုတ်တယ် လုံးဝပေါ့လိုမရဘူးနော်ကျန့်ကျန့် နင်ကျန်းမာမှကလေးရောကျန်းမာနိုင်မှာ"
"အိမ်ထဲမှာပဲဆိုပြီးလည်တစ်ယောက်ထဲလျှောက်လျှောက်သွား လျှောက်လျှောက်မလုပ်နဲ့နော်"
"အဲလိုဆိုငါတစ်ယောက်ထဲပျင်းလိုအရည်ပျော်သွားမယ်ထင်တယ်"
"ငါတို့နေ့တိုင်းကျောင်းကပြန်တာနဲ့လာခဲ့မယ်နော် စာချင်းတာရှိရင်ပြော ငါတို့ကျန့်ကျန့်လေးရဲ့ဗိုက်ထဲကလေးရှိနေတာ ငါဖြင့်မယုံနိုင်သေးဘူး ဟီး"
ယန်ယန်နဲ့မင်းယွီပြောသမျှကို ခေါင်းတညိမ်ညိမ်နဲ့နားထောင်းရင်ကြားညှပ်နေတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်မှာအသဲတွေယားစိစိဖြစ်လာရတယ် ရိပေါ်နဲ့ထပ်တူ ဖုန်းယွမ်းနဲ့ဂျွန်မှာလည်း သူတို့ရဲ့ပိုင်ဆိုင်ရာလေးတွေကိုကြည့်ပြီး အပြုံးမရပ်နိုင်ဖြစ်နေရတယ်
YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023