MYOD Part 19

4.9K 273 10
                                    

(Unicode)

အနည်းငယ်ကွဲသွားတဲ့နှုတ်ခမ်းကို ဆေးထည့်ပေးရင် မျက်ရည်ဝိုင်းနေတဲ့ ယန်ယန်ကိုကြည့်ပြီး ဖုန်းယွမ်းရင်ထဲကြည်နူးမိသွားတယ် ဒီကလေးကသူကိုသဘောကြနေတာသိပေမယ့် အထိမခံနိုင်လောက်ထိတဲ့သဘောကြနေမယ်လို့တော့မထင်ထားမိဘူး ဒီအတိုင်းစိတ်ကစားနေတယ်ပဲထင်တာခဲမိတာ

"ကိုယ့်ကို အဲလောက်တောင်သဘောကြနေတာလား"

"ဟင်းအင်း စီနီယာကိုနည်းနည်းလေးမှသဘောမကြပါဘူးနော် ကျွန်တော်ကစီနီယာကိုချစ်တာ အရမ်းချစ်တာဗျ"

ဆေးထည့်ပေးနေတဲ့ယန်ယန်လက်ကိုဆုပ်ကိုင်လိုက်ပြီး ဖုန်းယွမ်းကမေးလိုက်တော့ ယန်ယန်စီကပြန်ကြားလိုက်ရတဲ့အဖြေစကားကြောင့် ဖုန်းယွမ်းကအသံထွက်အောင်ထိတောင်ရယ်လိုက်မိတယ် alphaကိုတောင် စပြီးဖွင့်ပြောရဲတာ Aနိုင်မှာ ဒီ omega တစ်ယောက်ပဲရှိမယ်ထင်တယ်

"ဒါဆို ကိုယ်တို့တွဲကြရမလား"

"တကယ်လား နောက်မှစိတ်မပြောင်းရဘူးနော် ကျွန်တော်ကိုရော စီနီယာကချစ်လိုလား သနားလိုတွဲတာဆိုရင်တော့..."

"ပြွတ်!! အရမ်းစကားများလိုအပြစ်ပေးတာ"

လာထိကပ်သွားတဲ့နှုတ်ခမ်းတစ်စုံကခဏလေးဆိုပေမယ် ယန်ယန်ကရင်ခုန်လွန်းလို့နှလုံးရောဂါတောင်ရတော့မယ်ထင်မယ် နောက်ဆုံးတော့သူ crush ကသူကိုပြန်ကြိုက်လာပြီး

"ကျွန်တော်ကအရမ်းစကားများတာကြောင့် ကောကဒီလိုမျိုးအပြစ်ခဏခဏပေးရမယ်နော် ဒီအပြစ်ပေးနည်းကိုကျွန်တောကြိုက်တယ် ဟီး"

"ဒီနေ့ကကိုယ်တို့နှစ်ယောက်ရဲ့ပထမဆုံးနေ့ဆိုတော့ ကိုယ်အိမ်ပြန်လိုက်ပို့မယ်"

"ပထမဆုံးနေမှာဒိတ်ရမှာမဟုတ်ဘူး"

"ဒိတ်ချင်းပေမယ့် ‌အချိန်ကနောက်ကျနေပြီးလေးအသက်‌ကလေးရဲ့"

"ဟုတ်သားပဲ ဒါဆိုကျွန်တော်ကိုဘတ်စကားနဲ့ပြန်လိုက်ပို့နော် ပထမဆုံးနေ့မှ အကြာကြီးအတူရှိနေချင်းသေးတယ်"

"သဘောတိုင်းပါဗျ"

သူလက်ကိုမထိတထိလေးလာကိုင်လိုက် လွှတ်လိုက်နဲ့ဆော့ကစားပြီး က‌လေးတစ်ယောက်လိုပျော်ရွှင်နေတဲ့ယန်ယန်ကိုကြည့်ပြီး ဖုန်းယွမ်းလည်းပျော်ရွှင်နေရတယ် မထိတထိလာလုပ်နေတဲ့လက်ကိုသူဖက်ကဆုပ်ကိုင်လိုက်တော့ သူကိုပြုံးပြီးကြည့်လာတာလေးကအစ သူကိုရင်တွေကိုအရမ်းခုန်မြန်စေတယ်

Make Your Own Destiny (Completed)Where stories live. Discover now