(Unicode)
ဒုန်းဒုန်းဒုန်း!!
တောက်လျှောက်ကြားနေရတဲ့တံခါးခေါက်သံကြောင့် ကျိုးချန်မျက်လုံးတွေပွင့်လာရတယ် အချိန်ကိုကြည့်လိုက်တော့မနက် 7နာရီပဲရှိသေးတာကြောင့် ကျိုးချန်း
ရဲ့ဒေါသတွေကငယ်ထိပ်ရောက်သွားရတယ် *ရှားရှားပါးပါးအလုပ်ပိတ်ရက်လေးတစ်ရက်ရလို့ တနေ့ကုန်လုံးအိပ်မယ်ဆိုမှ ဘယ်ခွေးကောင်ကတံခါးလာခေါက်နေတာလဲမသိဘူး*ချပ်!!
တံခါးနောက်ကမြင်လိုက်ရတဲ့ရှောင်းရန်ချီရဲ့မျက်နှာကြောင့် ကျိုးချန်ကမျက်မှောင်ကြုပ်လိုက်မိတယ် ညကတော့မအားဘူး ဘာညာနဲ့အခုကြတော့ သူကိုမနက်စောစောစီစီလာနှောက်ယှက်နေပြန်တယ် သူအနားယူနေပြီးဆိုရင် ဒီရှောင်းရန်ချီက ခွေးပေါက်လေးတစ်ကောက်လို့ သူအနားကိုတစ်ချိန်လုံးလိုက်ကပ်နေတော့တာပဲ ကျန်တဲ့အချိန်သူကအကူညီလို လို့ခေါ်ရင်တောင်ပေါ်မလာပဲ သူအတွင်းရေးမူကိုပဲလွှတ်လိုက်တဲ့ ရှောင်းရန်ချီကြောင့်သူမှာဒေါသထွက်ရလွန်းလို အသက်တောင်တိုတော့မယ်ထင်တယ်
"ကိုယ် ဘေဘီအတွက်မနက်စာဝယ်လာတယ် အခန်း password ကိုဘာလို့ပြောင်းလိုက်ရပြန်တာလဲကွာ"
"ကျွန်တော်အခန်းကိုကျွန်တော်ဘာသာပြောင်းပြောင်း မပြောင်းပြောင်းခဗျာအပူလား အခုမှဘာလာလုပ်တာလဲ ဗိုက်လဲဆာမနေဘူး ကျွန်တော်အိပ်အုံးမှာ လာမနှောက်ယှက်နဲ့"
ပြောပြီးအိပ်ခန်းထဲဝင်သွားတဲ့ကျိုးချန်ကိုကြည့်ပြီး ရှောင်းရန်ချီကပြုံးလိုက်တယ် မနေ့ကနိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ပူတွဲလုပ်ထားတဲ့ project တစ်ခုကိုအပြီးသတ်နေရတာကြောင့် ကျိုးချန်ဖုန်းဆက်လာချိန် သူကမလာနိုင်ပဲ အတွင်းရေမူးကိုသာလွှတ်ပေးလိုက်ရတယ် ဒါကို သူ့ Alpha လေးကစိတ်ပေါက်သွားတယ်ထင်ပါရဲ့ အတွင်းရေးမူကိုလည်းနှင်လွှတ်လိုက်သလို သူဖုန်းကိုလဲ block ထားတယ် ဒါအပြင်အခန်း password ပါချိန်းလိုက်သေးတာ
ဒီလတွေထဲသူနဲ့ကျိုးချန်ရဲ့ဆက်ဆံရေးကတိုးတက်လာတယ်လိုပြောရမယ် သူလုပ်ပေးတာတွေကိုကျိုးချန်ကအရင်ကလောက်ငြင်းဆံတာမျိုးတွေမရှိတော့ဘူး ဒါအပြင်အရင်ကထက် ကျိုးချန်ကသူအပေါ်အများကြီး သဘောကောင်းလာပေးပြီး အားကိုးလာတာကို သူသတိထားမိတယ်
YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023