MYOD Part 6

8.3K 455 20
                                    

(Unicode)

ပုံမှန်အားဖြင့် omega တစ်ယောက်ရဲ့ heat ကာလက ၁ပတ်ကနေ ၁၀ရက်လောက်ထိကြာပေမယ့် ရှောင်းကျန့်ရဲ့ heatက ဆေးကြောင့်ဖြစ်တာကြောင့် ၄ရက်သာ heatဝင်ခဲ့တယ် ကုတင်ပေါ်မှာကွေးကွေးလေးအိပ်ပျော်နေတဲ့ရှောင်းကျန့်ကို ရိပေါ်ကဝရံတာကနေဆေးလိပ်ဖွရင်ကြည့်နေမိတယ်

ရှောင်းကျန့်ရဲ့တစ်ကိုယ်လုံးကနီရဲနေပြီး နေရာတိုင်းမှာသူကိုက်ထားတဲ့အရာတွေကြီးနဲ့ပဲ့ပြည့်နှက်နေတယ် ပင်လည်း ၊ ရင်ဘက် ၊ ဝမ်းဗိုက် ၊ နောက်ကျော ၊ ပေါင်တံ ၊ ခြေဖဝါးကအစ ရှောင်းကျန့်ရဲပါးဖောင်းဖောင်းလေးတွေအထိ ရိပေါ်ရဲ့ကိုက်ရာတွေကဖုံးလွှမ်းထားတယ် တချို့နေရာတွေကကိုက်ရာတွေကလပ်လပ်ဆပ်ဆက်ရှိနေပြီး တချို့နေရာတွေကတော့ ခရမ်းရောင်သန်းနေပြီးဖြစ်တယ်

လက်ထဲကဆေးလိပ်ကုန်တာနဲ့ရိပေါ်ကအခန်းထဲပြန်ဝင်လာပြီး အိပ်ပျော်နေတဲရှောင်းကျန့်ရဲဘေးမှာဝင်ထိုင်လိုက်တယ် နှာဖူးပေါ်ကျနေတဲ့ရှောင်ကျန့်ရဲ့ဆံပင်တွေကိုသိမ်းတင်ပေးလိုက်ပြီး ရှောင်းကျန့်ရဲ့မျက်နှာကိုထပ်ငေးကြည့်နေမိပြန်တယ်

သူတို့အတူနှီးနှောနေတဲ့ ၄ရက်လုံးရှောင်းကျန့်ကအရမ်းငိုကြွေးထားတာကြောင့် ရှောင်းကျန့်ရဲ့မျက်နှာလေးကနီရဲနေတယ် enigma တွေကပိုင်ဆိုင်လိုစိတ်ကြီးမားတယ်ဆိုတာကို ရှောင်းကျန့်ကိုတွေ့မှသာရိပေါ်လက်ခံလိုက်နိုင်တာဖြစ်တယ် သူဘဝတစ်လျှောက်လုံးမှာ ရှောင်းကျန့်ကလွဲပြီး ဘယ်အရာကိုမှဒီလောက်ထိပိုင်ဆိုင်ချင်းစိတ်မပြင်းပြခဲ့ဖူးဘူး

ရှောင်းကျန့်heatဝင်တာကိုတော့ ဖုန်းယွမ်း ၊ကျိုးချန်း ၊ မင်းယွီ နဲ့ ယန်ယန်လောက်ပဲ့သိတာဖြစ်တယ် ရုတ်တရက်ကြီးheatဝင်လာပြီး အမှတ်ပေးခံလိုက်ရတဲ့ရှောင်းကျန့်အကြောင်း‌ ရှောင်းကျန့်မိဘတွေသိသွားတော့ အကုန်လုံးကမေ့လဲမတက်ဖြစ်သွားကြရတယ် သိသိချင်းလိုက်လာကြပေမယ့် ရှောင်းကျန့်ရဲ့heatကာလကမပြီးသေးတာကြောင့်စောင့်နေရုံကလွဲသူတို့ဘာမှမလုပ်နိုင်ကြဘူး တစ်ဖက်ကသူတို့သားလေးကိုအမှတ်ပေးလိုက်လူကိုပဲ့ လူကောင်းလေးဖြစ်ပါစေလိုပဲ့ဆုတောင်းနေရတယ် သူတို့ရဲ့ပူပန်မူကိုသိသွားတဲ့ယန်ယန်က စီနီယာဝမ်ရိပေါ်ကလူကောင်း‌ဖြစ်ကြောင်းပြောပြလာမှ သက်ပြင်းချနိုင်တော့တယ် သူတို့ပိုးမွေးသလိုမွေးခဲ့ရတဲ့သားလေးကို 18 နှစ်ပြည့်ပြီးရုံရှိသေးတယ် အခုသူများလက်ထဲကိုပေးလိုက်တော့မယ်ဆိုတဲ့အတွေးနဲအကုန်လုံးကစားမဝင်အိပ်မပျော်တောင်ဖြစ်သွားကြရတယ် အဆိုးဆုံးကတော့ရှောင်းပါးရဲ့အခြေနေပါပဲ

Make Your Own Destiny (Completed)Where stories live. Discover now