MYOD Part 11‼️

7.2K 333 15
                                    

(Unicode)

"ဝမ်ကော...အာ့!!"

ရှောင်းကျန့်ကရိပေါ်ကိုတွေ့လိုလှမ်းခေါ်ရုံပဲရှိသေးတယ် ရိပေါ်ကသူလက်ကိုအားနဲ့ဆွဲပြီးအပြင်ခေါ်ထုပ်လာကြောင့် ရိပေါ်နောက်ပါလာရတယ် ရိပေါ်ခြေလှမ်းတွေကအရမ်းမြန်နေတာကြောင့် သူမှမှီအောင်လိုက်နေရရင်း ခလုပ်တိုက်မိတော့မလို‌တောင်ဖြစ်တယ် ရိပေါ်ကဘာကိုဒေါသထွက်နေမှန်းမသိပေမယ့် ရှောင်းကျန့်ကကြောက်စိတ်လေးနည်းနည်းတော့ဝင်မိတယ်

"အာ့!!! ဝမ်...ဝမ်ကော"

ရုတ်တရက်ကြီး နံရံမှာအားနဲ့ဖိကပ်ခံလိုက်ရတာကြောင့် ရှောင်းကျန့်နောက်ကျောကအတော်လေးနာကျင်သွားတယ် မျက်လုံးတွေနီရဲပြီးချွေးစိမ်းတွေပြန်နေတဲ့ရိပေါ်ကိုမြင်တဲ့အခါ ရှောင်းကျန့်ကပိုပြီးကြောက်စိတ်ဝင်လာမိတယ် သူ့အမျိုးသားရဲ့ဒီလိုပုံစံကိုသူတစ်ခါမှမမြင်ဖူးသေးဘူးမလား

သူရဲ့အခုပုံစံကိုကြောက်လို့ တစ်ကိုယ်လုံးတုန်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်ကသူဒေါသကိုလျော့ယူနေရတယ် သူသာစိတ်ရှိတိုင်းလုပ်ပြစ်လိုက်မိရင် ရှောင်းကျန့်ကတစ်စစီတောင်ဖြစ်သွားနိုင်တယ်

"ကိုယ်ကိုပြောကြည့်ပေါင့်ပေ့ မင်းကဘယ်သူအပိုင်လဲ့ဆိုတာ"

"ဝမ်...ဝမ်ကော အပိုင်...အပိုင်ပါ ဝမ်ကောကဘာလို့ဒေါသထွက်နေရတာလဲဟင်"

"ကိုယ့်အပိုင်က တစ်ခြားAlpha တစ်ယောက် skinship လုပ်နေတာကိုသိသိနဲ့ဒီတိုင်းငြိမ်ခံနေတာကို ကိုယ့်ဘယ်လိုအပြစ်ပေးသင့်လဲ့ဟမ်း!!"

"ဟင် ဝမ်ကောဘာတွေပြောနေတာလဲ"

သူပြောလိုက်တော့သူကိုမျက်လုံးပြူးပြူးလေးတွေနဲ့ကြည့်လာတဲ့ရှောင်းကျန့်ကို ရိပေါ်ကဒေါသထွက်နေတဲ့ကြားကအသဲယားသွားရပြန်တယ် ဒါပေမယ့်နောက်တစ်ခါတော့ဘယ်သူအနားကိုမှလွယ်လွယ်နဲ့မကပ်ရဲအောင် ရှောင်းကျန့်ကိုနည်းနည်းချောက်ဖို့စဉ်းစားလိုက်ပြီး  ရိပေါ်ကဆိုဖာပေါ်မှာသွားထိုင်လိုက်တယ်

"ဘေးနားကိုလာ"

"........."

"စကားကိုနှစ်ခါပြောရတာမကြိုက်ဘူးနော်ပေါင့်ပေ့ ကိုယ်ထလာခေါ်ရရင် အပြစ်ပိုကြီးမယ်"

Make Your Own Destiny (Completed)Where stories live. Discover now