( Unicode)
Hoodie အပြာရောင်နဲ့အဖြူရောင်ဘောင်းဘီရှည်ဝတ်ထားတဲ့ရှောင်းကျန့်က လက်တစ်ဖက်က Luggageကိုဆွဲထားပြီး ကျန်လက်တစ်ဖက်ကယုန်ရုပ်ကိုကိုင်ပြီးရပ်နေတာလေးကချစ်စရာကောင်းလွန်းတာကြောင့် ရိပေါ်ကငေးကြည့်နေမိတယ်
"ကျန့်ကျန့် ယန်ယန် ဆေးတွေပါတာသေချာရဲ့လား"
"အင်း"
"ကားမူးပျောက်ဆေးရော"
"အိတ်ကပ်ထဲထည့်ထားတယ်"
"ကျန့် ကားပေါ်မှာ အိပ်ငိုက်လာရင်ငါကိုပြောနော် တန်းမအိပ်နဲ့ ယန်ယန်နားမှာအိပ်ဖို့နေရာလဲပေးမယ်"
"အေးပါ နင်မှာလိုပြီးဦးမလား အဖိုးကြီးကြနေတာပဲ ပွစိပွစိနဲ့"
ခရီးသွားဖို့စိတ်လှုပ်ရှားနေတဲ့ ရှောင်းကျန့်နဲယန်ယန်ကြောင့် ကျောင်းexpressကားပေါ်မတက်ခင်အချိန်ထိ မင်းယွီကပဲအသေးစိတ်လိုက်ဂရုစိုက်ပြီးစစ်ဆေးနေရတယ် ခုံနေရာကမဲနှိုက်ပြီးထိုင်ရတာကြောင့် ရှောင်းကျန့်တစ်ယောက်ထဲကတစ်နေရာဖြစ်နေတယ် ယန်ယန်ကကံကောင်းပြီး မင်းယွီနဲ့ခုံနေရာအတူကြတာဖြစ်တယ်
"ကျန့် ကိုယ့်ထိုင်မလို့ ဟိုဘက်နည်းနည်းတိုးပေးလိုရမလား"
"ခုံနံပါတ် 005 ကစီနီယာလားဟင်"
"အင်း"
"ဟီး ကောင်းလိုက်တာ သူစိမ်းနဲထိုင်ရမှာထင်ပြီးစိတ်ညစ်နေတာ စီနီယာနဲ့ဆိုတော့ တော်ပါသေးတယ်"
နို့စတော်ဘယ်လီပုလင်းဖောက်ပေးရင်ပြောလိုက်တော့ သူသဘောကြတဲ့ယုန်သွားလေးတွေပေါ်အောင်ထိပြုံးပြနေတဲ့ရှောင်းကျန့်က တကယ်ကိုချစ်မွှေးလေး ရိပေါ်တို့အဖွဲ့ကစီနီယာတွေဆို ရှောင်းကျန့်နဲ့ယန်ယန်ကို ချစ်လွန်းလို မုန့်ဝယ်ကြွေးရတာနဲ့ လိုချင်တာဝယ်ပေးရတာနဲ့ ရှောင်းကျန့်ရဲပါးဖောင်းဖောင်းလေးကိုဆွဲရတာနဲ့အသည်းယားနေကြတာ သူတို့ကညီလေးတစ်ယောက်လိုချစ်တာသိပေမယ့် အဲလိုချိန်တွေဆို ရိပေါ်ကလူသတ်ချင်းတဲ့စိတ်တွေဖြစ်လာရော
ဒီနေ့မှအရင်ကဝတ်နေကြပုံစံမဟုတ်ပဲ hoodieအဖြူရောင်နဲ အမဲရောင် pant ကိုဝတ်ထားတဲ့ရိပေါ်ကအရမ်းကိုကြည့်ကောင်းနေတယ် အင်္ကျီလက်ကို တစ်တောင်ဆစ်ထိဆွဲတင်ထားတာကြောင့် ဖြူဖွေးနေတဲ့လက်ပေါ်မှာပေါ်နေတဲသွေးကျောစိမ်းတွေကိုရှောင်းကျန့်ကငေးကြည့်နေမိတယ် ရိပေါ်ရဲ့သွေးကျောစိမ်းစိမ်းတွေကို ဘာရယ်လိုမသိရှောင်းကျန့်ကအရမ်းသဘောကြတာ
YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023