MYOD Part 40

3.4K 135 1
                                    

(Unicode)

သူရှေ့မှာဒူးထောက်တောင်းပန်နေတဲ့ ဇနီးဖြစ်သူ ၊ မွေးစားသားနဲ့သမီးဖြစ်သူကိုကြည့်ပြီး ရှင်းသခင်ကြီးရဲ့မျက်နှာမှာ မျက်ရည်များစီးကြနေတယ် ‌

ရှင်းသခင်ကြီးရဲ့လူယုံဖြစ်သူမှာလည် ရှင်းသခင်ကြီးရဲ့အဖြစ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရတယ် ရှင်းသခင်ကြီးက မိသားစုအပေါ်ဘယ်လောက်ကြင်နာပြီးကောင်းတဲ့လူဆိုတာကို သူထက်ဘယ်သူမှပိုသိနိုင်မယ်မထင်ဘူး

"မင်ယန်ကလွဲအကုန်ထွက်သွားကြ!!"

ရှင်းသခင်ကြီးရဲ့စကားအဆုံး အားလုံးကအခန်းပြင်ကိုထွက်လာလိုက်ရတယ်

"ဂေဟာကနေ မင်းကိုငါခေါ်လာတဲ့အချိန်ထဲကနေ မင်းအပေါ်အဖေတစ်ယောက်အနေနဲ့ငါတာဝန်မကြေခဲ့တာရှိဖူးလားမင်ယန်"

"မရှိပါဘူးပါး ကျွန်တော်တကယ်တောင်းပန်ပါတယ် ကျွန်တော်မှာဒီလိုမျိုးဖြစ်စေချင်းတဲဆန္ဒတကယ်မရှိပါဘူး"

"မင်းရဲ့ရှင်းလီကြားကမရိုးသားတဲ့ပတ်သတ်မူကို ငါအနေနဲ့စိတ်မဆိုးဘူး မင်းတို့နှစ်ယောက်ကသွေးသားမှမတော်စပ်ကြပဲ ဒါပေမယ့်မင်းဘယ်လိုစိတ်နဲ့များငါဇနီးအပေါ်..."

ရှင်းသခင်ကြီးက သူရင်ထဲစို့နစ်လာမူကြောင့် စကားတောင်ဆုံးအောင်ဆက်မပြောနိုင်ဘူး ရှင်းမင်ယန်ကိုယ်တိုင်မှာလည် ကြမ်းပြင်မှဆက်ဒူးထောက်ရင်းသာ တောင်းပန်တယ်ဆိုတဲ့စကားကိုသာအဆက်မပြတ်ရေရွတ်နေတယ်

ရှင်းသခင်ကြီးက ရှင်းမင်ယန်ကိုစိုက်ကြည့်နေရင်း တစ်ခုခုကိုသေချာဆုံးဖြတ်ချက်ချလိုက်ပြီး အံဆွဲထဲကသေနတ်ကိုယူထုပ်လိုက်တယ် သူမိသားစုကိုသူစွန့်လွှတ်လိုက်လိုရ‌ပေ့မယ် သူ့မိသားစုတွေလမ်းဘေးရောက်ပြီးဒုက္ခဖြစ်နေမှာကိုလဲ သူအနေနဲ့ကြည့်နေနိုင်မှမဟုတ်ဘူး ဒါပေမယ်လည်းဒီလိုလူမူရေးဖောက်ပြန်နေတဲ့သူတွေကြားမှာသူဆက်မနေနိုင်ဘူး

အချိန်အတော်ကြာတဲ့ထိ အခန်းထဲကဘယ်သူမှမထွက်လာသေးတာကြောင့် အခန်းပြင်ကသုံးယောက်မှာလည်းစိတ်ပူနေရတယ် ရုတ်တရက်အခန်းထဲကထွက်လာတဲ့သေနတ်သံကြောင့် အခန်းပြင်မှစောင့်နေတဲ့ ရှင်းကတော် ၊ ရှင်းလီ နဲ့ ရှင်းသခင်ကြီးရဲ့လူယုံမှာအခန်းထဲသို့ပြေးဝင်သွားလိုက်တယ် နဖူးအလည်တည်တည်မှာသေနတ်ဒဏ်ရာနဲ့လဲကြနေတဲ့ ရှင်းသခင်းကြီးကိုကြည့်ပြီး အခန်းထဲဝင်လာတဲ့လူအားလုံးမှာ သွေးပျက်ခြောက်ချားသွားရတယ်

Make Your Own Destiny (Completed)Where stories live. Discover now