(Unicode)
ရိပေါ်ကသူစဉ်းစားထားတဲ့အတိုင်း ရှောင်းကျန့်ကိုပွဲထုပ်ချင်းပေမယ့် မလိုက်ချင်းတဲ့ရှောင်းကျန့်ကြောင့် အတင်းမခေါ်ရက်တော့ပဲ သူ့ဒယ်ဒီနဲ့သာပွဲတက်လာရတယ်
"ရှင်းလီဝင်လာထဲက ရိပေါ်နဲ့တူပါတယ်ဆိုပြီးကြည့်နေတာ တကယ်ပဲရိပေါ်ဖြစ်နေတာပဲ"
"အင်း"
ရိပေါ်ကလက်ထဲကဝိုင်ခွက်ကိုကိုင်ထားရင် အသံလာရာကိုကြည့်လိုက်တော့ ရှင်းလီဖြစ်နေတယ် ရှင်းလီရဲ့အဖေကလည်းစီးပွားလုပ်ငန်းရှင်းဖြစ်တာကြောင့် ဒီလိုပွဲမျိုးမှာရှင်းလီကိုတွေ့ရတာကသိပ်တော့မထူးဆန်းတာမို့ ရိပေါ်ကခေါင်းညိမ်အသိမှတ်ပြုလိုက်တယ် ရှင်းလီနဲ့မျက်နှာချင်းဆိုင်မဆုံချင်းပါဘူးဆိုမှ ရှင်းလီကခဏခဏသူရှေ့ကိုပေါ်လာပြီးစိတ်ဒုက္ခပေးနေတော့တာပဲ
"ထူးထူးဆန်းဆန်း ရှင်းလီရဲ့ဝမ်သခင်လေးကပွဲတွေဘာတွေတက်လိုပါလားဟင်"
"ဒီလိုပါပဲ"
ဒီပွဲကိုသူမက မလာချင်းပေမယ့် အတင်းခေါ်လာတဲ့ ပါးကိုရှင်းလီကစိတ်ထဲကနေ ကျေးဇူးတင်လိုက်မိတယ် သူမဖက်ကရိပေါ်ကိုဖော်ဖော်ရွေရွေဆက်ဆံနေပေမယ့် ရိပေါ်ကသူမကိုအဖတ်မလုပ်တာကြောင့် ရှင်းလီကထောင်းခနဲဒေါသထွက်သွားရတယ် ဒါပေမယ့်သူမတို့ရောက်နေတာက စီးပွားရေးလုပ်ငန်းရှင်းတစ်ဦးရဲ့ပါတီပွဲဖြစ်ပြီး သူမနဲ့ရိပေါ်ကိုအကဲခတ်နေကြတဲ့လူတွေလဲရှိနေကြသလို သတင်းထောက်တွေလဲရှိနေတာကိုသိတာကြောင့် ရှင်းလီကအိန္ဒြေဆည်ကာ အပြုံးမပျက်ပဲ ရိပေါ်ဘေးနားဝင်ထိုင်လိုက်တယ်
ရိပေါ်ကဒီလိုပွဲမျိုးကိုတောင်မှ သူ့အိမ်ထောင်ဘက်ဖြစ်တဲ့ ရှောင်းကျန့်ကိုပွဲထုပ်ဖို့မခေါ်လာတာက သူမအတွက်အခွင့်ရေးအများကြီးရှိနေတယ်ဆိုတဲ့သဘောပဲမလား အခုချိန်မှာရိပေါ်ကသူမကိုမချစ်သေးလဲကိစ္စမရှိဘူး သူမနဲ့တစ်ညတာဖြတ်သန်းပြီးသွားရင် ရိပေါ်ကသေချာပေါက်သူမကိုစွဲလမ်းသွားလိမ့်လို့ ရှင်းလီကသူမကိုယ်သူမယုံကြည့်ချက်ရှိတယ် ရှင်းလီကရိပေါ်အနားကိုကပ်နိုင်သမျှ အနီးကပ်ဆုံး ကပ်ပြီးနေတယ် သေချာပေါက်မနက်ဖြန်သတင်းစာထဲမှသူမနဲ့ရိပေါ်ရဲ့ဘာလိုလိုဆိုတဲ့သတင်းကပါကိုပါလာစေရမယ်
YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023