MYOD Part 41

3.3K 160 6
                                    

(Unicode)

နှစ်ဘက်လူကြီးတွေအပြင် ဘေးမှာတောက်တက်လိုကပ်ပြီး ဟိုထိ ဒီထိလုပ်နေတဲ့ ကောင်‌မလေးကြောင့် မျက်နှာမလန်းတဲ့ မင်းယွီကို ခပ်ဝေးဝေးတစ်နေရာကနေ ဂျွန်ကြည့်နေလိုက်တယ် ဒီနေ့ပါးတို့နဲ့အပြင်သွားစရာရှိတဲ့ဆိုတာက ဒီလိုအိမ်ထောင်ဘက်တွေ့ဆုံပွဲဖြစ်နေမယ်လို့ ဂျွန်တကယ်မထင်ထားမိဘူး မင်းယွီကိုယ်တိုင်ကလည်ဆိုင်ရောက်မှသိတဲ့ပုံပဲ

မင်းယွီက beta ဖြစ်တာကြောင့် သူလိုenigmaတစ်ယောက်နဲ့ မင်းယွီမိဘကသဘောမတူနိုင်တာကို သူနားလည်ပေးနိုင်တယ် ဒါပေမယ့်မင်းယွီကိုချက်ချင်းကြီး အိမ်ထောင်ပြုပေးဖို့စီစဉ်နေတာကိုတော့ သူလက်မခံနိုင်ဘူး အစကတော့မင်းယွီမိဘကြည်ဖြူပြီး သူကိုသဘောကြလာတဲ့အထိကြိုးစားပြီးစောင့်မယ်လို့ ဂျွန်ကစဉ်းစားထားပေမယ့် အခုကြည့်ရတာ အဲ့လိုဖြစ်လာမယ်အချိန်အထိစောင့်ဖို့ သူမှာအချိန်မရှိတော့ဘူးထင်ပါရဲ့ မင်းယွီကသူအပိုင် သူနားမှာပဲတစ်သက်လုံးနေသွားရမှာ

^ အခုချက်ချင်းဆိုင်ပြင်ထွက်ခဲ့ အချစ်မထွက်လာရင်ကိုယ်ဝင်လာခဲ့မယ် ^

ဖုန်းထဲဝင်လာတဲ့စာကိုဖတ်ပြီး မင်းယွီကတံတွေးမျိုချလိုက်ရင် ဆိုင်ပြင်ကိုလှမ်းကြည့်လိုက်မိတယ် ကားတံခါကိုမှီရင်သူကိုစိုက်ကြည့်နေတဲ့ဂျွန်ကောကြောင့်မင်းယွီမှာအယောင်ယောင်အမှားမှား ဂျွန်ကောကသူကိုဘယ်လောက်ထိတောင်သဝန်တိုလဲဆိုတာ သူအသိဆုံးပဲ အခုလိုဂျွန်ကောကိုမပြောပဲ သူမိဘတွေနဲ့အတူ သူနဲ့လက်ထပ်ပေးမယ့်မိန်းကလေးကိုလာကြည့်တာကိုသာ သိသွားရင် သူ‌တော့သေပြီးပဲ့ သူလည်းဒီအကြောင်းကိုကြိုမသိတာခဲ့တာကို ဂျွန်ကောယုံအောင်ဘယ်လိုရှင်းပြရမလဲ အာ!!! ရူးတော့မှာပဲ

"ဟို!! ကျွန်တော်အိမ်သာခဏသွားလိုက်ဦးမယ်နော်"

မင်းယွီကခွင့်တောင်းလိုက်ပြီး အိမ်သာဘက်ကိုအရင်ဆုံးထွက်လာလိုက်တယ် နောက်မှာသာစားပွဲထိုးရဲ့အကာကွယ်နဲ့ဆိုင်ပြင်ကိုလစ်ထွက်လာလိုက်ရတယ် သူတို့‌ထိုင်နေတဲ့ဝိုင်းက ဆိုင်အတွင်းဖက်မှာဖြစ်တာကြောင့် သူဆိုင်ပြင်ကိုထွက်လာတာကိုဘယ်သူကမှသတိမထားမိတာ ကံကောင်းသွားတယ်ပြောရမယ်

Make Your Own Destiny (Completed)Where stories live. Discover now