(Unicode)
သူကိုခေါ်ပြီးဘာမှပြောတာကြောင့် ယန်ယန်ကခေါင်းမော့ပြီး ဘာလဲဆိုတဲ့သဘောနဲ့ကျိုးချန်ကိုမေးငေါ့ပြလိုက်တယ် ကျိုးချန်ကခေါ်တာမဟုတ်ကြောင်းပြောပြီး အနောက်ကိုလက်ညှိုးထိုးပြတာကြောင့်လှည့်ကြည့်လိုက်တော့ ရှောင်းကျန့်ရဲ့အကိုရှောင်းရန်ချီဖြစ်နေတယ်
"ဟီး ကော"
"ဒီအချိန်ကကျောင်းမှရှိနေရမှာမဟုတ်ဘူးလားယန်ယန်!!"
"အဲ...အဲဒါက...ဟို...ဟိုလေး"
"ကျောင်းလုပ်အားပေးအတွက် လိုအပ်တာတွေထွက်လာဝယ်ရင် မုန့်ဝင်စားနေတာပါ"
"ဟုတ်တယ် ဟုတ်တယ် စီနီယာပြောသလိုပဲကော"
မျက်နှာထားတင်းတင်းနဲ့ မေးလာတဲ့ရှောင်းရန်ချီကြောင့် ယန်ယန်ကဘာဖြေရမှန်းမသိချိန် ကျိုးချန်ကကြားထဲကဝင်ဖြေလိုက်တာကြောင့် ယန်ယန်ကစိတ်ထဲကနေ ကျိုးချိန်းကို ကျေးဇူးတင်ရင်းထိုင်ကန်တော့နေလိုက်တော့တယ် သူတို့သုံးယောက်ကို ရှောင်းရန်ချီကအလိုအရမ်းလိုက်ပေမယ့် စာမလုပ်တာတို့ အရေးကြီးကိစ္စမရှိပဲအတန်းလစ်တာတို့တော့မပါဘူး
"လိုအပ်တာတွေလာဝယ်တယ်ဆိုပြီး ဘာမှလဲမတွေ့ပါလား"
"ဆိုင်ကအိမ်ရောက်ပိုပေးတဲ့စနစ်ရှိတာကြောင့် ကျောင်းကိုပဲပို့ခိုင်းလိုက်တာပါ"
"ဪ အဲလိုကိုး"
မယုံသင်္ကာဖြစ်နေတဲ့ရှောင်းရန်ချီကြောင့် ယန်ယန်ကဘုရားတနေရတယ် ကျိုးချိန်ကတော့ဘာမှမဖြစ်သလို့ ရေခဲမုန့်သာဆက်စားနေတယ် လိမ်ပြီးပြောလိုက်တာကကျိုးချန်ဆိုပေမယ့် သူကလည်းကြံရာပါမလား သူတို့လိမ်လိုက်တာကို ရှောင်းရန်ချီသာရိပ်မိပြီးသိသွားရင် သူတော့သေပြီး
"စားပြီးရင် ကျောင်းကိုပဲပြန်သွားရမှလားယန်ယန်"
"အိမ်ပြန်ခေါ်သွားချင်းရင်လဲ ခေါ်သွားလိုရပါတယ် ဒီနေ့ဂျူနီယာအတန်းကဆရာမတွေက အရေးကြီးစီးဝေးပွဲရှိလို အတန်းနားပေးထားတယ် ဒါကြောင့်လဲ့အပြင်ကိုခေါ်လာတာပေါ့"
"အင်း ဒါဆိုစားပြီးရင် ကောပြန်လိုက်ပို့မယ်"
"ဟုတ်ကဲ့ကော"

YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023