(Unicode)
နေ့သစ်တစ်နေ့ အစပျိုတိုင်းက သစ်လွင်တောက်ပနေသလို ကိုယ်ဝန်ရှိထဲကတစ်နေတစ်ခြားပိုပိုဆိုးလာပြီး ဘာမဟုတ်တာလေးကအစပြသနာရှာတက်လွန်းတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်ကသူရဲ့နေ့သစ်တိုင်းမှာမရိုးရအောင်ကိုပြသနာတွေလိုက်ရှင်းနေရတယ် အခုလဲကျောင်းမှာပြသနာဖြစ်တယ်ဆိုပြီး အကြောင်းကြားလာတာကြောင့် ရိပေါ်မှာစည်းဝေးပွဲအခန်းထဲကနေ အလောတကြီး ကျောင်းကိုထွက်လာလိုက်ရတယ်
ရိပေါ်ကရုံးခန်းတံခါးဖွင့်ပြီး ဝင်လိုက်တာနဲ့အရင်ဆုံးမြင်လိုက်ရတာက ဆံပင်ကစ တစ်ကိုယ်လုံးဖရိုဖရဲဖြစ်နေတဲ့ ကောင်မလေးနှစ်ယောက်နဲ့သူမတို့ရဲ့မိဘတွေ ရိပေါ်ဝင်လာတာကိုတွေ့တာနဲ့ ယန်ယန်ကရှောင်းကျန့်ရဲ့တစ်ခြားတစ်ဖက်ချမ်းမှာထိုင်နေတဲ့မင်းယွီဘေးနားကိုပြောင်းထိုင်ပေးလိုက်တယ်
အခုထိဒေါသထွက်နေပုံရသေးတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်ကသက်ပြင်းချလိုက်မိတယ် ရိပေါ်ကရှောင်းကျန့်ဘေးနားဝင်ထိုင်လိုက်ပြီး ရှောင်းကျန့်လက်ကိုဖွဖွလေးဆုတ်ကိုင်ရင် နှစ်သိမ့်ပေးနေလိုက်တယ်
"ဘယ်လိုဖြစ်တာလဲပေါင့်ပေ့"
"ဘာဖြစ်ရမှာလဲ ကျွန်တော်တို့ဘာသာအေးအေးဆေးဆေးစာဖတ်နေတာကို အဲကောင်မတွေကပြသနာအရင်လာရှာတာ"
ရိပေါ်ကရှောင်းကျန့်ကိုမေးလိုက်ပေမယ့် ပြန်ဖြေလာသူမှာတော့ယန်ယန်ဖြစ်နေတယ် နှစ်ဖက်စလုံးရဲ့အသိုင်းဝိုင်းကခပ်ကြီးကြီးထဲကဖြစ်တာကြောင့် အလယ်ကြားထဲမှာထိုင်နေရတဲ့ ကျောင်းအုပ်ကြီးကတော့ မျက်နှာမကောင်းဖြစ်နေရတယ် စည်းကမ်းတင်းကျပ်လွန်းတယ်ဆိုပြီးနာမည်ကြီးတဲ့ သူရဲ့ကျောင်းက ဒီကလေးတွေနဲ့မှပဲနာမည်ပျက်ရတော့မယ်ထင်တယ်
"ငါတို့သမီးတွေကပြသာနာအရင်ရှာရင်တောင်စကားနဲ့ပဲရှာတာလေး စကားနဲ့ပဲတုန့်ပြန်ပေါ့ နင်တို့ကယောက်ျားလေးတန်မဲမိန်းကလေးတွေကို ကိုယ်ထိလက်ရောက်ကျူးလွန်းဖို့ထိလိုလိုလားဟမ်!!"
"Omega ချင်းအတူတူကိုကျွန်တော်တို့ကယောက်ျားလေးဖြစ်နေတာနဲ့ပဲ အန်တီတို့သမီးတွေပြောသမျှကိုငြိမ်ခံနေရမှာလား အဲ့လိုထင်နေရင်တော့အဲမှာသာလဲသေလိုက် ဆေးရုံရောက်တဲ့ထိမရိုက်တာနဲ့ အဲခွေးပါးစပ်ကိုမစွဲဖြဲတာပဲကံကောင်း"
YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023