(Unicode)
အစိမ်းရောင် Tshirt အင်္ကျီပေါ်မှာ Hoodie ထပ်ဝတ်ထားပြီး စာထိုင်လုပ်နေတဲ့ ယန်ယန်ပုံစံလေးကို သူများတွေ တွေ့ရင်အသက်မပြည့်သေးတဲ့ကလေးလိုပဲထင်ကြလိမ့်မယ် ကျောင်းပိတ်ထားတဲ့နေ့ကစပြီး ဒီအတောအတွင်း သူအချိန်ပိုင်းလုပ်သမျှဆိုင်တိုင်းကို ယန်ယန်ကလိုက်ပြီး စာလာလုပ်လေ့ရှိတယ် စာလုပ်တာထက် သူကိုသဝန်တိုလိုက်စောင့်တယ်ပြောရင် ပိုမှန်မယ် ယန်ယန်နဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်း Beta မိန်းကလေးပဲဖြစ်ဖြစ် Omegaမိန်းကလေးပဲဖြစ်ဖြစ် Omega ယောက်ျားလေးပဲဖြစ်ဖြစ် သူအနားကပ်မလာဖို့ကို ဖုန်းယွမ်းကအထူးသတိထားဂရုစိုက်ရတယ် သဝန်တိုတက်လွန်တဲ့ယန်ယန်ကသူအနားကိုကပ်လာတဲ့ ဘယ်သူကိုမဆို အားမနာသလို အလွှတ်ပေးလေ့လည်းမရှိဘူး
"ပျင်းနေပြီးလားအချစ်"
"မပျင်းပါဘူးနော်"
"နောက်နာရီဝက်ဆို ကိုယ်အလုပ်ချိန်ပြီးပြီး ကိုယ်အိမ်ပြန်ပို့ပေးမယ်နော်"
"ဟုတ်ကဲ့ အိမ်မပြန်ခင်ကျွန်တော်လုပ်ချင်းတာလေးတွေရှိတယ်"
"ပြောပါအုံး ကိုယ်အချစ်လေးကဘာတွေများလုပ်ချင်းလိုလဲ"
"ကောနဲ့ဒိတ်မလိုလေး ကျွန်တော်တို မဒိတ်ရတာဘယ်လောက်ကြာပြီးလဲ ကောအလုပ်ပြီးတာနဲ့ ကျွန်တော်ကိုအိမ်ပဲပြန်ပို့နေတာကို ဟွန့်"
ဆူပုတ်ပုတ်နဲ့ပြောကာ စိတ်ကောက်ချင်းယောင်ဆောင်သွားတဲ့ယန်ယန်ကို ဖုန်းယွမ်းကခေါင်းဖွလိုက်ပြီး ကျန်ရှိနေသေးတဲ့အလုပ်ကိုဆက်လုပ်နေလိုက်တယ်
ဖုန်းယွမ်းအချိန်ပိုင်းအလုပ်ချိန်ပြီးတော့ စကိတ်စီးချင်းတဲ့ဆိုတဲ့ယန်ယန်ကြောင့် စကိတ်ကွင်းကိုအရင်ဆုံးထွက်လာလိုက်ကြတယ်
"ဒါတွေမဝတ်ချင်းပါဘူးဆိုနေ!!"
"မဝတ်လိုမရဘူးလေအချစ်ရဲ့ မတော်တစလဲရင်ဘယ်လိုလုပ်မလဲ စီးတက်သေးတာလဲမဟုတ်ပဲ"
စကိတ်ကြစီးချင်းပြီး အကာကွယ်တွေမဝတ်ချင်းလို့ဆူပုပ်နေတဲ့ယန်ယန်ကို ဖုန်းယွမ်းကပဲ ဦးထုပ် ၊ လက်ကာ ၊ ဒူးကာ နဲ့ စကိတ်ဖိနပ်ကို ဂရုတစိုက်ဝတ်ပေး ၊ စီးပေးလိုက်ရတယ်

YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023