(Unicode)
ရေအေးအေးနဲ့မျက်နှာသစ်လိုက်တာတောင် သူခံစားနေရတဲ့အပူချိန်ကကျမသွားတာကြောင့် ရှောင်းကျန့်ရင်ထဲစိုးရိမ်စိတ်နည်းနည်းတော့ဖြစ်လာတယ် ရှောင်းကျန့်ကအရင်ဆုံးရိပေါ်ကိုဖုန်းဆက်ဖို့သတိရသွားကာ ဖုန်းကိုလိုက်ရှာကြည့်ပေမယ့် ဖုန်းကသူတို့ထိုင်နေတဲ့ဝိုင်းမှာကျန်နေခဲ့တာကိုသတိရသွားတယ် ရှောင်းကျန့်ကအားတင်းပြီး ဝိုင်းကိုပြန်သွားဖို့ပဲ့လုပ်ရတယ်
"ကျန့် အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ ပြေပါတယ်စီနီယာ"
"ကျန့်ကိုကြည့်ရတာမူးနေပြီးထင်တယ် ကိုယ်ကူတွဲပေးရမလား"
"ရပါတယ် စီနီယာ"
"လာပါကွာ အားမနားပါနဲ့"
ရှောင်းကျန့်အိမ်သာကထွက်တာနဲ့ အိမ်သာအဝမှာတင် စီနီယာကျိုးဖုန်းနဲ့တွေ့တာကြောင့်ရှောင်ထွက်ဖို့လုပ်နေပေမယ့် တစ်ဆက်ထဲခေါင်းကလည်းအရမ်းမူးလာပြီး အမြင်တွေပါဝေဝါးလာတာကြောင့် စီနီယာကျိုးဖုန်းဆွဲခေါ်ရနောက်သာပါလာတော့တယ်
ရှောင်းကျန့်ရဲ့အခြေနေကိုကြည့်ပြီး ကျိုးဖုန်းကလူယုတ်မာဆန်ဆန်ရယ်လိုက်မိတယ် သူကရှောင်းကျန့်ကို ကျားချောင်းချောင်နေတာကို ရှောင်းကျန့်ကမသိပဲ သူ့ကိုယ်သူ beta လိုလိမ်လိုက်တာကိုတောင် ရှောင်းကျန့်ကယုံနေတယ် ရှောင်းကျန့်ကတကယ်ကိုအဖြူထည်လေး ဒါကြောင့်လဲ ပိုင်ရှင်ရှိနေမှန်းသိနေတာတောင်သူကရှောင်းကျန့်ကို လက်မလွှတ်လိုက်နိုင်ပဲလိုချင်းနေမိသေးတာပဲဖြစ်တယ် ကျိုးဖုန်းကသူ့သူငယ်ချင်းတွေကို မျက်စပြလိုက်ပြီး ရှောင်းကျန့်ကို သူစီစဉ်ထားတဲ့ VIP အခန်းထဲကိုခေါ်လာလိုက်တယ်
"အာ့ စီ...စီနီယာဘာ...ဘာလုပ်မလိုလဲ"
"ဟက်! အိပ်ပေါ်တောင်ရောက်နေပြီးဟာ ကိုယ်ဘာလုပ်မယ်ဆိုတာ ကျန့်ကမသိသေးဘူးလား"
ရုတ်တရက်ကြီး အိပ်ယာပေါ်ပြစ်တင်ခံလိုက်ရတာကြောင့်ရှောင်းကျန့်ကသတိပြန်ကပ်လာရတယ် တစ်ဆက်ထဲသူအပေါ်ကအုပ်မိုးထားတဲ့စီနီယာကျိုးဖုန်းကြောင့် ရှောင်းကျန့်ကအတော်လေးလန့်သွားရပြီး club လာမိတဲ့အတွက်လည်းနောင်တရလာတယ်
YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023