MYOD Part 17

4.8K 269 4
                                    

(Unicode)

ရှောင်းကျန့်ကသူတို့အိပ်ခန်းရဲ့ သတင်းပေါက်ဘေးကခုံလေးမှာထိုင်ပြီး ခြံထဲကိုငေးကြည့်နေမိတယ် club သွားတဲ့ညကပြသနာဖြစ်ပြီးထဲကနေ ရိပေါ်ကသူကိုစကားမပြောတာ ဒီနေ့နဲ့ဆိုတစ်ပတ်ရှိနေပြီး

ရှောင်းကျန့်မှာကျောင်းလဲမသွားရသလို သူ့ဖုန်းကလည်အဲညထဲက ဘယ်ပျောက်သွားမှန်းမသိတာကြောင့် ဘယ်သူနဲ့မှလဲအဆက်သွယ်မလုပ်ဖြစ်သေးဘူး

အဲနေ့ညပြီးထဲကရိပေါ်ကကျောင်းမှခွင့်တိုင်ပေးထားတယ်ဆိုတာကလွဲပြီးသူကိုစကားလုံးဝမပြောတော့သလို ရိပေါ်ကသူမနိုးခင်ကထွက်သွားတက်ပြီး သူအိပ်ပျော်မှသာအခန်းထဲပြန်ဝင်လာတယ်

အရင်ကဆိုသူနားတစ်ချိန်လုံးလိုက်ကပ်နေတက်တဲ့ရိပေါ်က အခုတော့အိမ်ပြန်‌ရောက်တာနဲ့ရေချိုးပြီး အလုပ်ခန်းထဲကနေတောင်မထွက်လာတာကြောင့် ရှောင်းကျန့်ကအိမ်ကြီးထဲမှာနေရတာအထီးကျန်လာရတယ် တစ်အိမ်လုံးကလဲရိပေါ်ရဲ့လူတွေကြီးပဲမလား

ရှောင်းကျန့်ကသူအပြစ်နဲ့သူမို့လို ရှောင်းအိမ်တော်ကိုလဲမပြန်ရဲ့သလို  ရိပေါ်ကိုလည်းသူဖက်ကအရင်ရှောင်းကျန့်ကစကားမစရဲဘူး သူစကားစပြောလိုက်မှ သူယောက်ျားကပိုစိတ်တိုလာပြီး သူကိုရိုက်ရင်ဘယ်လိုလုပ်မလဲ ဒါပေမယ့်ရိပေါ်ကသူကိုပြစ်ထားတာကြောင့်ရော ရိပေါ်ရဲ့ pheromoneအနံကိုမရတာကြာပြီးဖြစ်တာကြောင့်ရော ရှောင်းကျန့်ကအားငယ်စိတ်ဝင်လာရပြီး ဝမ်းနည်းလာရတယ်

သူရိပေါ်ကိုတောင်းပန်ချင်းပေမယ့် ဘယ်ကနေဘယ်လိုစတောင်းပန်ရမယ်မှန်းမသိဘူး သူကိုအမြဲတမ်းအလိုလိုက်နေတဲ့ရိပေါ်ကိုပဲရှောင်းကျန်ကပြန်လိုချင်းတယ် အခုလိုသူကိုအဖက်မလုပ်ပဲဥပေက္ခာပြုထားတဲ့ရိပေါ်ကို ရှောင်းကျန့်ကမလိုချင်းဘူး ဖြစ်ရတဲ့ပြသနာကသူအမှားမကင်းဘူးဆိုပေမယ့် သူကတမင်ရည်ရွယ်ခဲ့တာမှမဟုတ်တာ

ရှောင်းကျန့်ဟိုဟိုဒီဒီတွေးနေမိတုန်း အခန်းတံခါးဖွင့်သံကြားတာကြောင့် နည်းနည်းတော့စိတ်လှုပ်ရှားသွားရတယ် ဒါပေမယ့် အခန်းထဲဝင်လာတဲ့ရိပေါ်ကိုတော့သူလှည့်မကြည့်ရဲဘူး အဲအစားသူအမျိုးသားစိတ်ဆိုးပြေအောင်ဘယ်လိုချော့ရမလဲဆိုတာကိုပဲအသည်းသန်စဉ်းစားနေမိတယ်

Make Your Own Destiny (Completed)Where stories live. Discover now