(Unicode)
"ဒါကသားအပြစ်မဟုတ်ပါဘူး အခုလဲကျန့်အားမှာကြီးကြီးမာမာထိခိုင်သွားတာမျိုးမရှိဘူး စောင့်ကြည့်ရမယ်အခြေနေမှရှိနေတာကလည်းကျန့်အားမဟုတ်ဘူး ကျန့်အားဗိုက်ထဲကသားရဲ့ကိုယ်ပွားလေး ဒါကြောင့်အရမ်းစိတ်ပူမနေပါနဲ့"
"ဟမ်း!! ကျွန်တော်ရဲ့ကိုယ်ပွားလေးလိုမာမီပြောလိုက်တာလား ဒါဆိုရှောင်းကျန့်မှာကိုယ်ဝန်ရှိနေပြီးလိုပြောချင်းတာလားမာမီ"
"ဟုတ်ပါတယ်ရှင့် ကျန့်အားမှာကိုယ်ဝန်က 8ပတ်ကျော်ရှိနေပြီးတဲ့ အခုကအားနည်းပြီးသွေးထွက်လွန်သွားတာကြောင့် စောင့်ကြည့်နေတာ"
ရှောင်းကျန့်မှကိုယ်ဝန်ရှိနေတဲ့အကြောင်းသိရတော့ ရိပေါ်ရင်ထဲရေလှိုင်းလေဖြတ်သွားသလို လှိုက်တက်လာပြီး စိတ်လှုပ်ရှားသွားရတယ် သူမှာဝမ်းသာလွန်းလိုဘာပြောရမှန်းတောင်မသိတော့ဘူး အခုချိန်မှာသူသိတာက ရှောင်းကျန့်နဲ့အမြန်ဆုံးပြန်အဆင်ပြေဖို့ကြိုးစားရမယ် ရှောင်းကျန့်ကိုအရင်ကထက်ပိုဂရုစိုက်ပေးရမယ် သူတို့နှစ်ယာက်ကြားထဲ ကြားလူမဝင်နိုင်အောင်လာက်ထိ ရှောင်းကျန့်ကိုသူကပိုချစ်ပေးရမယ် တစ်ခုခုဆိုရင်လဲ အခုလိုမျိုးကွယ်ဝှက်မထားပဲ သူကိုအမှန်တိုင်း ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြဖို့ရှောင်းကျန့်ကိုပြောရမယ်ဆိုတာပဲ
ရိပေါ်ကရှောင်းကျန့်ကိုစချစ်မိထဲက ရှောင်းကျန့်စီကသူနဲ့တူတဲ့ကလေးကိုအမြဲတမ်းလိုချင်းနေခဲတာ ဒါကြောင့်လဲသူတို့ဆက်ဆံကြတဲ့အခါတိုင်းရိပေါ်ကကွန်ဒုံးမသုံးသလို ရှောင်းကျန့်ကိုလဲတားဆေးတွေလည်းမသောက်ခိုင်းဘူး သူကရှောင်းကျန့်စီက ကလေးကိုလိုချင်ပေမယ့် အရမ်းကြီးတော့မမျှော်လင့်ရဲခဲ့လိုထင်တယ် အခုရှောင်းကျန့်ဆီမှာသူရဲ့မျိုးဆက်လေးရှိနေတာကို ရိပေါ်ကမယုံကြည်နိုင်သေးဘူး အနာဂတ်မှာသူမိသားစုအတွက် သူဒီထက်ပိုကြိုးစားရတော့မယ် မကြာခင်လူလောကထဲရောက်လာမယ် သူကလေးအတွက်ရော သူကဖခင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမှရတော့မယ်
~~~~~~~~~~
ရှောင်းကျန့်ရဲ့အခြေနေကိုICU ခန်းထဲတစ်ပတ်လောက်စောင့်ကြည့်ပြီး လူကြီးရောကလေးရောကျန်းကျန်းမားမားရှိတယ်ဆိုမှသာ ရိုးရိုးအခန်းထဲကိုပြောင်းရွေ့ခွင့်ရသွားတယ်
YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023