(Unicode)
"ဝမ်ကောအခြေနေရောဟင်း သူ...သူတကယ်ရောအဆင်ပြေပါတယ်နော်"
အခန်းထဲကထွက်လာတဲ့ ဆရာဝန်ကိုမြင်တာနဲ့ရှောင်းကျန့်ကအနားကိုအမြန်သွားလိုက်ပြီး ရိပေါ်အခြေနေကိုမေးလိုက်တယ် သူယောက်ျားရဲ့အခြေနေကိုသိချင်းလွန်းလို ရှောင်းကျန့်မှာ ရူးတော့မလိုတောင်ခံစားနေရတယ် နေနေ ညည စိတ်လွှတ်ပြီး ထ,ထသောင်းကြမ်းနေတက်တဲ့ သူယောက်ျားရဲ့ ပုံစံကို သူမကြည့်ရက်နိုင်တော့ဘူး
"ဝမ်းသာစရာသတင်းပါပဲ သခင်လေးဝမ်ကသူစိတ်ကိုအတော်လေးထိန်းချုပ်နိုင်သွားပါပြီး နောက်တစ်ပတ်လောက်ဆိုရင် သူဆေးဖြတ်တာအောင်မြင်ပါပြီး"
"တကယ်လားဟင်း တကယ်ပဲဝမ်ကောကဆေးပြတ်တော့မှာပေါ့နော်"
"ဟုတ်ပါတယ် သခင်လေးရှောင်းကြောင့်သာ သခင်လေးဝမ်က ဒီလိုခက်ခဲတဲ့အရာကိုဖြတ်ကျော်နိုင်တာပါ"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ"
ဆရာဝန်ရဲ့ရိပေါ်ဆေးပြတ်တော့မယ်ဆိုတဲ့စကားကြောင့် ဝမ်မားရော ဂျွန်ရော ရှောင်းကျန့်ရောက အရမ်းကိုဝမ်းသာသွားကြရတယ် ရှောင်းကျန့်ဆိုရင်အခန်းထဲမှာ အိပ်ပျော်နေတဲ့ရိပေါ်ကို မှန်ကနေတစ်ဆက်ကြည့်ရင် မျက်ရည်ပါကြလာတဲ့အထိပဲ့ သူ့ယောက်ျားလုပ်နိုင်မယ်ဆိုတာကိုသူသိသားပဲ သူယောက်ျားကဘယ်သူမို့လိုလဲ အရမ်း အရမ်းကိုသန်မာတဲ့enigmaပဲလေး
ရှောင်းကျန့်ကအချိန်အတော်ကြာ ရိပေါ်ကိုရပ်ကြည့်နေပြီးမှ အခန်းထဲကိုဝင်လိုက်လာလိုက်တယ် ထို့နောက်သူ့ယောက်ျားနေရတာ သက်တောင့်သက်သာဖြစ်အောင်လို့ ရှောင်းကျန့်ကသူ့ pheromone အနံတစ်ချို့ကိုထုပ်လွှတ်ပေးလိုက်ပြီး သူယောက်ျားရင်ခွင်ထဲတိုးဝင်ကာအိပ်ဆက်လိုက်တယ်
~~~~~~~~~~
ဒီနေ့အလုပ်ကိစ္စနဲ့အပြင်ထွက်လာရင် Coffee shop တစ်ခုထဲမှာ ကောင်မလေးတစ်ယောက်နဲ့ မိုးမမြင် လေမမြင် ဖြစ်ပျက်နေတဲ့ မင်းယွီကိုဂျွန်က မျက်ထောင့်နီကြီးနဲ့ကြည့်နေလိုက်တယ် သူကြည့်နေတာ မင်းယွီတို့ဆိုင်ထဲဝင်လာထဲကဖြစ်ပေမယ့် မင်းယွီကကတော့ သူကိုအခုထိတွေ့ပုံမပေါ်သေးဘူး ဘေးနားကကောင်မလေး ခွံကြွေးသမျှကိုစားလိုက် ပြုံးပြလိုက်လုပ်နေတဲ့မင်းယွီကို ဂျွန်ကအလွန်အမင်းဒေါသထွက်နေပြီးဖြစ်သလို မကြာ မကြာဆိုသလိုမင်းယွီရဲခေါင်းကိုပွတ်သတ်ပေးနေတဲ့ အဲကောင်မလေးရဲ့လက်တွေကိုလဲ ဂျွန်ကရိုက်ချိုးပျက်ချင်းနေပြီးဖြစ်တယ် ရာရာစစဘယ်သူအပိုင်ကိုလာထိနေရတာလဲ
YOU ARE READING
Make Your Own Destiny (Completed)
Fiksi PenggemarENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023