(Unicode)
(🔞🚨❗Warning❗🚨🔞)
အသက်18နှစ်အောက်ကလေးများမဖတ်ဖို့နဲ့ 18နှစ်ပြည့်ပြီးသူများလဲဖတ်ပြီးအတုမယူဖို့ အကြံပြုပါတယ် ပြောထားလဲဖတ်ကြမယ်ဆိုတာတော့ သိပါတယ် ဟီး 🤭ရိပေါ်ရေချိုးပြီးပြန်ထွက်လာတော့ အခန်းထဲမှာ ရှောင်းကျန့်ရဲ့ pheromone အနံကိုသာရပြီး ရှောင်းကျန့်ကိုတော့ အခန်းထဲမတွေ့တော့ဘူး
"ပေါင့်ပေ့"
သူကခေါ်လိုက်ပေမယ့် ပြန်ထူးသံမရှိတာကြောင့် ရှောင်းကျန့်အိမ်အောက်ထပ်ကိုဆင်းသွားတယ်လိုပဲ ရိပေါ်ကထင်လိုက်ပြီး ကုတင်ပေါ်ထိုင်ရင် ခေါင်းရေသုပ်နေလိုက်တယ်
ရိပေါ်ခေါင်းသုပ်နေစဉ် အဝတ်လဲခန်းထဲကထွက်လာတဲ့ရှောင်းကျန့်ကိုတွေ့ လိုက်ကာ မျက်တောင်မခပ်တန်းစိုက်ကြည့်နေမိရင်း တံတွေးတောင်မျိုချလိုက်မိတယ် ရှောင်းကျန့်ဝတ်ထားတဲ့ ဇာဂါဝန်လေးက ပါးလွှာတာကြောင့် ရှောင်းကျန့်ရဲ့အတွင်းသားနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို အတိုင်းသားမြင်နေရတယ် ဒါအပြင် ပေါင်အလည်လောက်သာရှည်တဲ့ဂါဝန်လေးကြောင့် မြင်နေရတဲ့ သေးသွယ်တဲ့ခြေတလုံးနဲ့ ဖြူဖွေးနေတဲ့ပေါင်တံတို့ကြောင့် ရိပေါ်ကအသက်ရှူသံတွေပါမြန်လာပြီး ရူးတော့မလိုတောင်ခံစားနေရတယ်
အရင်ကဒီလိုဝတ်စုံမျိုးကို သူတစ်ခါမှမမြင်ဖူးပါဘူး ကြည့်ရတာတစ်ယောက်ယောက်ကမြှောက်ပေးလိုက်တာပဲနေမှာ ဘယ်လိုဖြစ်ဖြစ်မြှောက်ပေးလိုက်တဲ့သူကို ရိပေါ်ကအရမ်းကိုကျေးဇူးတင်မိတယ် သူကိုမြူဆွယ်နေတဲ့ ယုန်ဆိုးလေးကို ရိပေါ်ကအကြည့်တစ်ချက်မှတောင်မလွဲရက်နိုင်ဘူး
သူ့ကိုစိုက်ကြည့်နေတဲ့ ရိပေါ်ကို ရှောင်းကျန့်က မသိချင်ယောင်ဆောင်ပြီး ယန်ယန်သင်ပေးထားတဲ့အတိုင်း မြူဆွယ်ဖို့ကြိုးစားတယ် ရှောင်းကျန့်ကရိပေါ်ကိုကျော်လို့ မှန်တင်ခုံရှေ့သွားပြီး သူခြေတစ်ဖက်ကို ခုံပေါ်တင်လို့ အသားလှဆီကို ဖြည်းဖြည်းချင်းပွတ်သတ်ရင်လိမ်းတယ် လိမ်းနေရင် သူရဲ့အတွင်းသားတွေကို ရိပေါ်ကို မမြင် မြင်အောင်ပြရင် မြူစွယ်တယ်
YOU ARE READING
Make Your Own Destiny (Completed)
FanficENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023