MYOD Part 37

3.7K 185 0
                                    

(Unicode)

ရှောင်းကျန့်ကိုကျောပိုးပြီး အခန်းထဲဝင်လာတဲ့ ရိပေါ်ကို ရှောင်းပါးကမကြေနပ်တဲ့အကြည့်နဲ့ကြည့်နေလိုက်တယ် သူကရိပေါ်ကိုမြင်တာနဲ့ကိုစွဲထိုးချင်းတဲ့စိတ်ပဲဖြစ်နေပေမယ့် ‌အခန်းထဲဝမ်ပါးနဲ့ ဝမ်မားအပြင် ရိပေါ်ရဲ့အဖွားဖြစ်သူဆိုတဲ့သူပါရောက်နေတာကြောင့် ထွက်နေတဲ့ဒေါသတွေကိုထိန်းထားရတယ် သူအနေနဲ့ ဝမ်ပါးနဲ့ဝမ်မားရဲ့မျက်နှာကိုမထောက်ချင်းရင်တောင်မှ အဖွားဖြစ်သူရဲ့မျက်နှာကိုတော့ထောက်ရမယ်မလား

ရိပေါ်ကရှောင်းပါးရဲ့အကြည့်တွေကိုမသိချင်ယောင်ဆောင်ကာ ခေါင်းမိုးထပ်ကပြန်လာရင်း သူကျောမှာတစ်ဖန်ပြန်အိပ်ပျော်သွားတဲ့ ရှောင်းကျန့်ကိုကုတင်ပေါ်သေချာနေရာချပေးလိုက်ပြီး စောင်သေချာခြုံပေးနေလိုက်တယ်

"ဟင် လောင်ကုန်း"

"ငိုက်နေသေးရင်ထပ်အိပ်လိုက်ဦးပေါင့်ပေ့ အစောကြီးရှိသေးတယ်"

အပြောင်းလဲဖြစ်သွားတာနဲ့နိုးလာတဲ့ရှောင်းကျန့်ကိုရိပေါ်ကပြန်ချော့သိပ်ဖို့ပြင်တယ်

"ဟင်းအင်း ကျွန်တော်ဗိုက်ဆာတယ်"

"မားမားရဲ့အသက်ကလေးကနိုးလာနဲ့အစားတောင်းတော့တာ"

"မား ပါး ဘယ်တုန်းကရောက်နေတာလဲ"

"ခဏကပဲရောက်တာ သားရဲ့ကျဲက သားကြိုက်တာတွေပဲချက်ပေးလိုက်တယ် မားပြင်ပေးမယ်ခဏစောင့်နော်"

"ဟုတ်မား"

ရှောင်းမားပြောပြီးတာနဲ့ ရှောင်းကျန့်အတွက်မနက်စာကိုပြင်ပေးနေလိုက်တယ် ရှောင်းပါးကတော့ရှောင်းကျန့်ကိုတစ်ချက်သာကြည့်လိုက်ပြီး သတင်းစာထဲသာအာရုံစိုက်နေလိုက်တယ်

ရိပေါ်ကကုတင်ကိုရှောင်းကျန့်ထိုင်ရအဆင်လောက်တဲ့အထိမြင့်တင်ပေးလိုက်ပြီး ရှောင်းမားပြင်ဆင်ပေးထာတဲ့မနက်ကို ရှောင်းကျန့်ကိုဂရုတစိုက်ကြွေးနေလိုက်တယ်

"ပေါင့်ပေ့ဖြည်းဖြည်းစား နင်မယ်"

"ဖွားမြေးကဘယ်စိုးလိုတုန်း ချစ်စရာကောင်းတဲအကောင်ပေါက်လေးကိုအပိုင်သိမ်းထားနိုင်တာပဲ စိတ်မကောင်းစရာကတော့ ဒီလိုချစ်စရာကောင်းတဲ့အကောက်ပေါက်လေးတစ်ယောက်ကိုတောင်စိတ်ချမ်းသာအောင်ထားနိုင်တဲ့အရည်ချင်း မင်းမှရှိမနေတာပဲရိပေါ်"

Make Your Own Destiny (Completed)Where stories live. Discover now