(Unicode)
"မင်းယွီမပြီးသေးဘူးလား မြန်မြန်လုပ်ပါဆိုနေ"
ယန်ယန်စီကထွက်လာတဲ့ စကားသံအဆုံးမင်းယွီကအဝတ်လဲနေချင်းကိုအမြန်အဆုံးသတ်လိုက်ရတယ်
"ပြီးပါပြီး ဘာတွေအမြန်လိုနေတာလဲဟ ကျွန်တော်တို့အရင်သွားနှင့်မယ်နော်ဝမ်ကော ကျန့်ကျန့်ငါတို့သွားပြီးနော် မင်းလဲအိမ်ရောက်ရင်ဖုန်းဆက်လာဦး"
"အင်းအင်း ကားကိုဂရုစိုက်မောင်းနော်ဂျွန်ကော"
မင်းယွီတို့ထွက်သွားပြီးမှ ရိပေါ်ကရှောင်းကျန့်ကိုနောက်ဆုံးထပ်အဝါရောင်အနွေးထည်လေးဝတ်ပေးလိုက်ပြီး မာဖလာလေးကိုထပ်ပတ်ပေးလိုက်တယ် အပြင်မှာရာသီဥတုကအရမ်းအေးနေတာကြောင့်ရှောင်းကျန့်ကိုနွေးနွေးလေးဖြစ်နေရအောင် ရိပေါ်က5ထပ်လောက်ဝတ်ထားပေးရတယ် သူဝတ်ထားပေးတဲ့အဝတ်တွေကြားထဲနှစ်မြှုပ်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်ကသဘောကြစွာပြုံးလိုက်တယ်
"ငြိမ်ငြိမ်လေးထိုင်နေနော် ကိုယ်ဝက်ပေါက်လေးကိုအဝတ်လဲပေးလိုက်ဦးမယ်"
"ဟုတ်ကဲ့"
ရိပေါ်ကပြောပြီးတာနဲ့ဝက်ပေါက်လေးကိုဂရုတစိုက်အဝတ်လဲပေးနေတာကိုကြည့်ပြီးရှောင်းကျန့်ကပြုံးလိုက်မိတယ် ဝက်ပေါက်လေးရဲ့ကိစ္စအဝဝအားလုံးကို ဘယ်သူကိုမှမခိုင်းပဲ ရိပေါ်ကိုယ်တိုင်သာလုပ်တယ် ဝက်ပေါက်လေးရဲ့သေးအဝတ် ချီးအဝတ်တွေကအစရိပေါ်ကကိုယ်တိုင်လျှော်ဖွတ်တက်ပြီး သူများလာထိရင်လည်းမကြိုက်ဘူး သူကိုဆိုလည် ဝက်ပေါက်လေးကိုနို့တိုက်တာလွဲဘာမှမလုပ်ခိုင်းဘူး အကြောင်းမရှိရင်ကုတင်ပေါ်ကနေတောင်မဆင်းခိုင်းဘူး
အဝတ်လဲပေးနေတဲ့တစ်လျှောက်ဝက်ပေါက်လေးကတစ်စက်မှငြိမ်ငြိမ်မနေပဲ လက်သေးသေးလေးတွေနဲ့ သူလက်တွေကိုလာလာဆုပ်ကိုင်နေတာကြောင့် ရိပေါ်မှာအသည်းယားပြီးခဏခဏငုံနမ်းနေမိတယ် သူ့ယုန်ပါက်လေးနဲ့သူ့သားဝက်ပေါက်လေးကို သူမှာချစ်ရလွန်းလိုထားစရာနေရာတောင်မရှိဖြစ်နေရတယ် သူယုန်ပေါက်နဲ့ဝက်ပေါက်လေးကို မျိုချထားလိုရရင် ရိပေါ်ကမျိုသာချထားလိုက်ချင်းတော့တယ်
YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023