MYOD Part 30

893 24 0
                                    

(Unicode)

'ပါးပါးနဲ့မားမားက ကောကိုတွေ့ချင်းတယ်' လိုပြောလာတဲ့ယန်ယန်ကြောင့် အခုဖုန်းယွမ်းကယန်ယန်ရဲ့အိမ်ရှေ့ကိုရောက်နေတာဖြစ်တယ်

အလွန်ကျယ်ဝန်းလှတဲ့ ခြံနဲ့ သုံးထပ်အိမ်ကိုကြည့်ပြီး ဖုန်းယွမ်းမှာ သူ့ကိုယ်သူ သိမ်ငယ်လာသလိုခံစားလာရတယ် ဒါကသူဘဝမှာမိဘမဲ့တစ်ယောက်ဖြစ်ချင်ကိုပထမဆုံးသိမ်ငယ်စိတ်ဝင်မိချင်းဖြစ်တယ် ဖုန်းယွမ်းကခြံရှေ့အတော်ကြာရပ်နေပြီးမှ သူရောက်နေပြီဖြစ်ကြောင်း ယန်ယန်စီကိုစာပို့လိုက်တယ်

^အသက်ကလေး ကိုယ်အိမ်ရှေ့ရောက်ပြီးနော်^

ဖုန်းထဲဝင်လာတဲ့စာကိုကြည့်ပြီး ယန်ယန်ကအိမ်ရှေ့ကိုအပြေးထွက်လာလိုက်တယ် ဒီလိုနေ့ကိုရောက်ဖို့အတွက် သူစောင့်ရတာ ဘယ်လောက်တောင်မှကြာနေပြီးလဲ ပါးနဲ့မားစီကခွင့်ပြုချက်ရတာနဲ့ဖုန်းယွမ်းကသူအပိုင်ဆိုတာကိုတစ်လောကလုံးကိုချပြပြစ်မယ် အဲ့ဒါမှသာဘယ်သူကမှဖုန်းယွမ်းနားကိုမကပ်လာရဲမှာ

"ကော"

"မနက်စာ စားပြီးပြီးလာအချစ်ကလေး"

"မစားရသေးဘူး ကောနဲ့အတူစားမလိုစောင့်နေတာ ကောစိတ်လှုပ်ရှားနေတာလားဟင် လက်တွေကအေးစက်နေတာပဲ"

ယန်ယန်ကဖုန်းယွမ်းရဲ့လက်ကိုကိုင်လိုက်ချိန် အေးစက်နေတာကြောင့် ဖွဖွလေးပွတ်သပ်ပေးရင်မေးလိုက်တယ် စိတ်လှုပ်ရှားနေတဲ့ဖုန်းယွမ်းကိုကြည့်ပြီးယန်ယန်မှာပြုံးမိသေးတယ်

"အင်း နည်းနည်းပါ"

"ကောဘာမှမကြောက်နဲ့နော် အားလုံးအဆင်ပြေသွားမှာပါ ပါးနဲ့မားကစိတ်ကောင်းပါတယ် သူတို့ကောကိုသဘောကြမှာသေချာတယ် သူတို့ကောကိုသဘောမကြရင်တောင် ကျွန်တော်ကကောဘက်ပဲ ကောကိုကျွန်တော်ကကာကွယ်ပေးမယ်နော်"

ယန်ယန်ရဲ့စကားကြောင့် ဖုန်းယွမ်းရင်ထဲနွေးထွေးသွားရပြီး ယန်ယန်ရဲ့ နှာဖူးကိုဖိကပ်နမ်းလိုက်တယ် ဒီကောင်လေးကိုသူမှာချစ်လွန်းလိုရူးတော့မှာပဲ ဒါကြောင့်ဘာတွေပဲရင်ဆိုင်ရ ရင်ဆိုင်ရဒီကောင်လေးကိုသူဘက်ကလုံးဝလက်လွှတ်ပေးမှာမဟုတ်ဘူး

Make Your Own Destiny (Completed)Where stories live. Discover now