MYOD Part 2

7.8K 495 22
                                    

(Unicode)

ဒီနေ့ မနက်ပိုင်းအချိန်ဆရာ မဝင်တာကြောင့် တစ်ခန်းလုံးကတက်ကြွပြီး ဆူညံနေပေမယ့် တစ်ညလုံးပေါက်ဂိမ်းဆော့ထားတဲ့ ရှောင်းကျန့်တို့သုံးယောက်စလုံးကတော့အိပ်လိုကောင်းနေတယ် မင်းယွီက‌နောက်ခုန်ကိုမှီထားပြီး ရှောင်းကျန့်ကတော့ မင်းယွီပုခုံးပေါ်ခေါင်းမှီထားတယ် ရှောင်းကျန့်ပုခုံးပေါ်ကိုတော့ယန်ယန်ကမှီလို့အိပ်နေတယ် ရှောင်းကျန့်တို့သုံး‌ယောက်ကအေးအေးချမ်းချမ်းအိပ်ပျော်နေလိုက်တာများ အခန်းထဲကဘာဆူညံသံကိုမှမကြားတဲ့အတိုင်းပဲ

"နီဟောင် ကိုယ်ကတတိယနှစ်ကစီနီယာဝမ်ရိပေါ်ပါ"

တစ်ခန်းလုံးကဂိမ်းဆော့တဲ့သူကဆော့ ၊ စကားပြောတဲ့သူကပြောနေကြတာကြောင့်ရိပေါ်တို့အဖွဲ့ဝင်လာတာကိုဘယ်သူကမှသတိမထားမိကြဘူး ရိပေါ်ရဲ့နှုတ်ဆက်သံကြားမှသာ တစ်ခန်းလုံးကတိတ်ဆိတ်သွားတယ် စီနီယာဝမ်ရိပေါ်ကသူတို့အခန်းကိုရောက်လာမယ်လိုမထင်ထားကြတော့ အားလုံးကအံဪသွားတယ် တချို့လူတွေကဖုန်းတွေထုပ်ပြီး ရိပေါ် ကိုဓာတ်ပုံခိုးရိုက်တယ် သူတို့ရဲ့စီနီယာကကြားထားရတဲ့ သတင်းထက်အပြင်မှာပိုခန့်ညားနေတာကိုတွေ့ရတော့ အကုန်လုံးကရင်ခုန်ပြီး စိတ်လှုပ်ရှားသွားကြရတယ် အဲထဲအိပ်ပျော်နေတဲ့သုံးယောက်ကတော့မပါဘူး  ရိပေါ်တင်မဟုတ်ပဲ့အခန်းထဲဝင်လာတဲ့စီနီယာတွေအားလုံးကအရမ်းကိုချောကြတော့ အကုန်လုံးကစီနီယာတွေဆီကနေအကြည့်မလွဲနိုင်ကြဘူး

ရိပေါ်ကအိပ်ပျော်နေတဲ့သုံးယောက်စီကို တစ်လှမ်းချင်းလျှောက်သွားပြီး ခုန်ကိုခေါက်လို့ခေါ်နိုးလိုက်တယ် အိပ်ယာနိုးနိုးချင်းသူကိုမြင်လိုက်ရလိုကြောင်ကြောင်ကြီးကြည့်နေတဲ့သုံးယောက်ကိုရိပေါ်ကပြုံးပြလိုက်တယ် တစ်ဆက်ထဲ မျက်လုံးကိုကြမ်းကြမ်းထမ်းထမ်းဆွဲပွတ်နေတဲ့ရှောင်းကျန့်ရဲ့လက်ကိုဆွဲပြီးတားလိုက်တယ်

"နိုးနိုးချင်း မျက်လုံးကိုအဲလိုကြမ်းကြမ်းပွတ်လိုက်မိရင်မျက်လုံးနာလိမ့်မယ်"

"ဟုတ်"

"အိပ်လိုမှကောင်းကြရဲ့လား"

"ဟီး တောင်းပန်ပါတယ်စီနီယာ"³

Make Your Own Destiny (Completed)Where stories live. Discover now