MYOD Part 31

3.7K 169 5
                                    

(Unicode)

"သားထင်တယ် သားကိုအတင်းနှင်နေထဲက ပါးတို့ကောကိုအနိုင်ကျင့်တော့မယ်ဆိုတာ ဒီလိုမှန်းသိရင် ကောကိုလာတွေ့ဖို့ကိုမခေါ်ပါဘူး ဟွန့်"

"အမလေး အဖြစ်သည်းပြမနေပါနဲ့ မားတို့ကဖြင့် သားချစ်သူကိုဘာမှတောင်မလုပ်ရသေးဘူး"

"ဘာမှမလုပ်ရင် ကောကဘာလို့ဒူးထောက်နေရတာ မားတို့တစ်ခုခုပြောလိုက်လို့ပဲပေါ့ ဘာလဲသားနဲ့သဘောမတူနိုင်ဘူးလိုပြောနေတာလား မရဘူးနော် ပါးတို့သဘောတူတူ မတူတူ သားကကောကိုပဲယူမှာ"

"ဒီကလေးတော့ ငါလုပ်ရင်သေအုံးမယ် သားချစ်သူဘာလို့ဒူးထောက်နေလဲဆိုတာကတော့ သားချစ်သူကိုမေးလေး မားတို့ကသူကိုဒူးထောက်ခိုင်းတာလဲမဟုတ်ဘူး သူဘာသာထောက်နေတာ"

ယန်မားရဲ့စကားဆုံးတာနဲ့ သူစီရောက်လာတဲ့ ယန်ယန်ရဲ့အကြည့်ကြောင် ဖုန်းယွမ်းကအမြန်ခေါင်းညိမ်ပြလိုက်ရတယ် မဟုတ်ရင် အပြန်အလှန်ငြင်းနေတဲ့ ယန်ယန်နဲ့ယန်မားရဲ့ရန်ပွဲကပြီးမှမဟုတ်တော့ဘူး တကယ်တန်းလဲယန်ယန်ရဲ့မိဘတွေအရှေ့သူဘာသာသူဒူးထောင်ခဲ့တာမလား

"ကဲ့ပါ နှစ်ယောက်စလုံးကောင်းကောင်းပြန်ထိုင်ကြတော့"

ကြားထဲကဝင်ပြောလာတဲ့ယန်ပါးရဲ့စကားဆုံးတာနဲ့ ယန်ယန်ကလည်းရပ်နေရာကနေထိုင်ချလိုက်ပြီး ဖုန်းယွမ်းကလည်းဒူးထောင်နေရာကနေ ထထိုင်လိုက်တယ်

"ပြောပါအုံး ပါးတို့ကသားတို့ကိုသဘောမတူဘူးလိုဘာလိုထင်နေရတာလဲ"

"ဟို...အဲတာက"

"ဒီချက်စ်လက်မှတ်ကြောင့် သူတို့ကို ကျွန်မတို့ကသဘောမတူဘူးလို ရှင်သမက်လေးကထင်သွားတာလေး ဒီချက်စ်လက်မှတ်ကသားကိုပေးပြီး ယန်အားနဲ့လမ်းခွဲခိုင်းဖို့မဟုတ်ရပါဘူးရှင့်"

ယန်မားကရယ်ကျဲကျဲနဲ့ပြောလာတော့ ဖုန်းယွမ်းကနားရွက်ဖျားတွေနီတဲ့အထိရှက်သွားရတယ် ပထမဆုံးတွေ့ဆုံမူမှသူကဘယ်လိုတောင်အထင်လွဲမိလိုက်ပြီး တလွဲတွေလုပ်လိုက်မိရတာလဲ

"သားနာမည်က ဖုန်းယွမ်းနော် စီးပွားရေနောက်ဆုံးနှစ်တက်နေတာဆို"

Make Your Own Destiny (Completed)Where stories live. Discover now