MYOD Part 16

4.9K 286 11
                                    

(Unicode)

"ရှောင်းကျန့်ကမင်းရဲ့ omega မှန်းမသိလိုငါပြစ်မှားမိတာပါ တောင်းပန်ပါတယ် ငါကိုလွှတ်ပေးပါ ဒီတစ်ခါပဲငါကိုခွင့်လွှတ်ပေးပါရိပေါ်"

တဖြည်းဖြည်းချင်းပူလောင်လာပြီး တစ်ခုခုကိုတောင်းတလာတဲ့ခန္ဓာကိုယ်ကြောင့် ကျိုးဖုန်းကအရမ်းကိုကြောက်လန့်လာမိတယ် မကောင်းတာတစ်ခုခုဖြစ်တော့မယ်ဆိုတာကိုလည်း ခံစားမိတဲ့စိတ်ကြောင့်ကျိုးဖုန်းက ရိပေါ်ကိုသာ ထပ်ခါတလဲလဲတောင်းပန်နေမိတယ် အခုချိန်မှာကျိုးဖုန်းက ရှောင်းကျန့်ကိုရိပေါ်ရဲ့ omega မှန်းမသိပဲ လိုချင်ခဲ့မိတာကိုနောင်တအရဆုံးပဲ

"မင်းဒီလိုလေးတောင်းပန်လိုက်ရုံလေးနဲ့ ရှောင်းကျန့်ကြောက်လန့်ခဲ့ရတာတွေ နာကျင်ခဲ့ရတာတွေကပျောက်သွားမယ်ထင်လိုလား ဟမ်း!!"

ကျိုးဖုန်းကသူကိုဦးချမတက်တောင်းပန်နေလည်း ရိပေါ်ကတော့ခွင့်လွှတ်ဖို့အစီစဉ်မရှိဘူး ရှောင်းကျန့်ပါးပေါ်ကဒဏ်ရာကိုမြင်ယောင်မိလာတိုင်း ကျိုးဖုန်းကိုတစစီးဆွဲဖြဲချင်းတဲ့စိတ်သာဖြစ်ပေါ်လာရတယ် သူတောင်လက်ဖျားလေးနဲ့မထိရက်ခဲ့တဲ့ရှောင်းကျန့်ကို ကျိုးဖုန်းကများရာရာစစဒဏ်ရာဖြစ်တဲ့အထိရိုက်ရဲတယ်ပေါ့

"ငါတကယ်တောင်းပန်ပါတယ် ရှောင်းကျန့်ကိုမှမဟုတ်ဘူး နောက်ဘယ်သူကိုမှဒီလိုမျိုးမလုပ်တော့ပါဘူး ငါဂတိပေးပါတယ်"

"စိတ်ချပါ အမြဲတမ်းရမ်းကာနေတဲ့မင်းရဲ့dickကို နောက်ထပ်မရမ်းကာရဲအောင်ဆုံးမပြီးရင် မင်းကိုငါပြန်လွှတ်ပေးမှာပါ နောက်ထပ်ဘယ်သူကိုမှလည်းမင်းရမ်းကာလိုရတော့မှာမဟုတ်ပါဘူး omegaတွေက မင်းတို့လိုကောင်တွေအတွက်စိတ်ကြေနပ်မူပေးဖို့မွေးဖွားလာတာမဟုတ်ဘူးဆိုတာကို အခုဖြစ်ပျက်ကနေ မင်းသင်ခန်းစာယူနိုင်မယ်လို့ ငါမျှော်လင့်တယ်"

ရိပေါ်ကပြောပြီးတာနဲ့ ကျိုးဖုန်းကိုဖမ်းထားတဲ့အခန်းထဲကနေထွက်လာလိုက်ခဲ့ပြီး အပြင်ဘက်မှရှိတဲ့ဆိုဖာခုံပေါ်မှာဝင်ထိုင်လိုက်တယ် အခုချိန်မှာ သူဒေါသကိုလွှတ်ထွက်မသွားအောင် သူဘယ်လောက်ထိတောင်ထိန်းချုပ်ထားရလဲဆိုတာ သူပဲသိနိုင်လိမ့်မယ်

Make Your Own Destiny (Completed)Where stories live. Discover now