(Unicode)
ရိပေါ်ကဆေးရုံရှေ့ရောက်တာနဲ့ ကားပေါ်ကအမြန်ဆင်းပြီး ရှောင်းကျန့်ရှိတဲ့အရေးပေါ်အခန်းစီအပြေးသွားလိုက်တယ်
စိတ်နဲ့ကိုယ်မကပ်နိုင်တဲ့အထိ ဖြစ်ပျက်နေတဲ့ ရိပေါ်ရဲ့ပုံစံကိုကြည့်ပြီး ဝမ်းပါးကသက်ပြင်းချလိုက်မိတယ် သူသားကရှောင်းကျန့်နဲ့ပတ်သတ်လာရင် နည်းနည်းမှအထိမခံနိုင်ဘူး ရှောင်းကျန့်ဇောနဲ့ရိပေါ်ကဆေးရုံးရှေ့ကားကိုဖြစ်သလိုရပ်ခဲ့တာကြောင့် ဝမ်းပါးကပဲကားကို ပါကင်သေချာထိုးပြီး ရိပေါ်အနောက်ကနေပဲလိုက်သွားရတယ် ရှောင်းကျန့်နဲ့ပတ်သတ်လာရင် အဖေကိုတောင်လှည့်မကြည့်ပဲပြစ်သွားတဲ့ သားလိမ္မာလေး မွေးရကြိုးနပ်လိုက်တာ
~~~~~~~~~~
"Doctorကျွန်တော်သားအခြေနေရော သူအဆင်ပြေရဲ့လား"
အရေးပေါ်ခန်းထဲကထွက်လာတဲ့ Doctorကိုမြင်တာနဲ့ရှောင်းပါးကအမြန်ထရပ်လိုက်ပြီး ရှောင်းကျန့်အခြေနေကိုမေးတယ်
"ခေါင်းကဒဏ်ကတော့သိပ်ပြီးကြီးကြီးမားမားထိသွားတာမျိုးမရှိပါဘူး ဒါပေမယ့်လူနာကအားနည်းနေတဲ့အချိန် သွေးထွက်လွန်သွားတာကြောင့် ကိုယ်ဝန်ကပျက်ကြနိုင်ချေရှိနေပါတယ်"
"ဗျာ ကျွန်တော်သားမှကိုယ်ဝန်ရှိနေတယ်လိုဆိုလိုတာလား Doctor"
Doctorရဲ့စကားကြောင့် ရှောင်းမိသားစုအပြင် ဝမ်းမားနဲ့ ဦးလေချောင်းမှာလဲအံဪသွားရတယ် ရှောင်းကျန့်မှာကိုယ်ဝန်ရှိနေတာသိတော့အားလုံးကဝမ်းသာမိပေမယ့် ရှောင်းကျန့်အခြေနေကိုလဲစိုးရိမ်နေကြရတယ်
အခုတလောသခင်ငယ်လေးကဝလာတယ်လို သူထင်နေမိတာ တကယ်တန်းက ကိုယ်ဝန်ရှိနေတာကြောင့်ဖြစ်နေတယ် ဒီအကြောင်းသခင်လေးဝမ်သာသိရင် အရမ်းပျော်ရွှင်နေတော့မှပဲလိုဦးလေချောင်ကတွေးမိတယ်
"ဟုတ်ပါတယ် ကျွန်တော်တို့ခန်းမှန်းခြေအရတော့ ကိုယ်ဝန်က 8ပတ်ကျော်ထဲမှရှိနေပါပြီး ကိုယ်ဝန်ကလနုပါသေးတယ် တကယ်လို့ကိုယ်ဝန်ကိုထိန်းသိမ်းထားချင်းတယ်ဆိုရင် လူနာကိုစိတ်ချမ်းသာအောင်ထားပြီး ပိုဂရုစိုက်ပေးပါ ဒါပေမယ့်ကိုယ်ဝန်ကိုမထိန်းသိမ်းထားချင်းဘူးဆိုရင်တော့ ကျွန်တော်တို့ကိုပြန်လည်အကြောင်းကြားပေးပါ"
YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023