(Unicode)
ခြံရှေ့ကားရပ်လိုက်တာနဲ့ Auto ပွင့်သွားတဲ့ခြံတံခါးကိုကြည့်ပြီး ရှောင်းကျန့်ကအံဪလို့နေတယ် သူကဘာရယ်မဟုတ်ခတ်မှီမှီအိမ်နဲ့နေချင်းတယ်လိုပဲပြောလိုက်တာ ခြံတံခါးကအစခတ်မှီနည်းပညာစနနစ်ကိုတပ်ဆင်ထားမယ်လို့ ရှောင်းကျန့်ကမထင်ထားဘူး
"Wow ခြံတံခါးက auto ပွင့်သွားတာမိုက်လိုက်တာ ဒါနဲ့လာတဲ့ကားတိုင်းကို ဒီလို auto ဖွင့်ပေးတာလားဝမ်ကော"
"ကားတိုင်းကိုမဖွင့်ပေးပါဘူး ကိုယ်နဲ့ပေါင့်ပေးရဲ့ကားတွေလောက်ပဲ"
"ဟင် အဲ့တာဘယ်လိုမျိုးလဲ ဒီလိုမျိုးစနစ်ရှိတာမသိသေးဘူး"
"တံခါးရဲ့အလည်မှာ screen ဖတ်တဲ့စနစ်ရှိတယ် အဲထဲမှာ ကားနံပါတ်ကိုထည့်ရတာပေါင့်ပေ့ရဲ့ နည်းပညာကျောင်းသားလေးကဒါမျိုးကိုမသိရင် သူများရယ်စားလိမ့်မယ်နော်"
"ဟွန့်!! ဝမ်ကောလဲ ကျွန်တော်တို့ပထမနှစ်မှာမှဒါမျိုးမှ မသင်ရသေးတာကို ဆရာကစာတွေကြီးပဲဖိသင်နေတာ"
သူစလိုက်တော့ဆူပုပ်ပုပ်ဖြစ်သွားတဲ့ရှောင်းကျန့်ရဲ့ခေါင်းလေးကို ရိပေါ်ကဖွလိုက်ပြီး ခြံထဲကိုကားဆက်မောင်းလာလိုက်တယ် အိမ်ကိုရှောင်းကျန့်သဘောကြတာမြင်တော့ ရိပေါ်လဲကြေနပ်သွားရတယ်
ရှောင်းကျန့်ကအိမ်ရဲ့ပတ်ပတ်လည်ကိုစပ်စုနေတုန်း ရိပေါ်ကသူဘက်ကတံခါးကိုဖွင့်ပေးပြီးလက်ကမ်းပေးတာကြောင့် ရှောင်းကျန့်ကရိပေါ်လက်ကိုဆုပ်ကိုင်ပြီးကားပေါ်ကဆင်းလိုက်တယ်
"ပေါင့်ပေ့ ဒါကဦးလေးချောင် ကိုယ်တို့ကကျောင်းတစ်ဖက်နဲ့ဆိုတော့အိမ်ကို ဦးလေးချောင်ကပဲတာဝန်ယူပြီးထိန်းသိမ်းပေးလိမ့်မယ်"
"ဟုတ် တွေ့ရတာဝမ်းသာပါတယ်ဗျ"
"သခင်ငယ်လေးကတကယ်ကိုချစ်စရာကောင်းတာပဲ"
"ဟီး"
ခဏနေတော့အိမ်မှာရှိတဲ့အလုပ်သမားအားလုံးကိုခေါ်ပြီး ရိပေါ်ကရှောင်းကျန့်နဲ့မိတ်ဆက်ပေးတယ် ယောက်ျား 3ယောက် နဲ့ မိန်းကလေး 2ယောက်ဖြစ်ပြီး အားလုံးက Beta ဖြစ်တယ်
YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023