(Unicode)
"ကျွန်တော်ကိုသခင်မလေးရှင်းလီကချိန်းခြောက်ပြီးအတင်းခိုင်းလို ရွေးချယ်စရာမရှိလိုလုပ်ရတာပါ ကျွန်တော်ကိုသတ်ချင်းသတ်ပါ ကျွန်တော်မိသားစုကိုတော့မသတ်ပါနဲ့ တောင်းပန်ပါတယ်"
ဂျွန်ပို့လာတဲ့ Voice message ကိုနားထောင်ပြီး ရိပေါ်ကသူတစ်ကိုယ်လုံးမှာရှိတဲ့သွေးကျောတွေထောင်လာတဲ့အထိဒေါသထွက်လာပေမယ့် သူဘေးမှာမိဘတွေရှိနေတာကြောင့် ထိန်းချုပ်ထားရတယ် အစထဲကရှင်းလီကိုသူညာသာပြီးအသက်ရှင်ခွင့်မပေးလိုက်သင့်ဘူး
ရိပေါ်ကဖုန်းအသံကိုတိုးထားပေမယ့် ဂျွန်ပို့လာတဲ့Voice messageကို ရိပေါ်ဘေးနားဝင်ထိုင်နေတဲ့ရှောင်းပါးကလည်ကြားဖြစ်အောင်ကိုကြားလိုက်ရပြီး ရှောင်းပါးကရိပေါ် ကိုစကားတစ်ခွန်းသာပြောလိုက်တယ်
"ဒါကမညာသာသင့်တဲ့သူကိုညာသာမိလိုက်တဲ့ရလဒ်ပဲ ဒီတစ်ခါမင်းသင်ခန်းစာကောင်းကောင်းယူနိုင်မယ်လိုမျှော်လင့်တယ်"
"ကျွန်တော်သူကိုနောက်ထပ်ညာသာနေတော့မှမဟုတ်ဘူး"
ရိပေါ်အဖြေကိုရှောင်းပါးကသဘောကြစွာရယ်ရင်းခေါင်းညိမ်ပြလိုက်တယ် အခုသူသားခံစားနေရတာထက် ရိပေါ်လက်ချက်နဲ့တစ်ဖက်လူကသေချာပေါက်ပိုပြီးခံစားရမယ်ဆိုတာကိုရှောင်းပါးယုံကြည်တယ်
တောင်!!
"သုံးယောက်လုံးအသက်ရှင်နေတယ်ဆိုတာပဲ ကြားချင်တယ်"
Operation အခန်းထဲကထွက်လာတဲ့ ဆရာဝန်ကရိပေါ်ရဲ့အရှိန်အဝါအပြည့်နဲ့အေးစက်စက်စကားကြောင့် တံတွေးမျိုချလိုက်မိတယ် သူကိုကြည့်နေတဲ့ဝမ်သခင်လေးရဲ့အကြည့်တွေထဲမှာ *ငါလူသာအသက်မရှင်ရင် မင်းလည်သေဖို့ပြင်ထား*ဆိုပြီးထပ်ပြောနေတယ်
"လူကြီးရော ကလေးရောအတွင်းပိုင်ထိခိုင်မူမရှိတာကြောင့် အသက်အန္တရာယ်မရှိတော့ပါဘူး ကလေးကလမပြည့်ပဲ အရေးပေါ်မွေးလာပေမယ့် ကျန်းကျန်းမာမာရှိပါတယ် ခဏနေအခန်းပြောင်းပြီးရင်တော့ ဝင်တွေ့လိုရပါပြီး"
ကလေးသုံးယောက်စလုံးအသက်အန္တရာယ်မရှိတော့ဘူးဆိုမှာ အားလုံးရဲ့ရင်ထဲမှာခံစားနေရတဲ့ စိုးရိမ်ပူပန်မူတွေကလျော့ကြသွားတယ်
YOU ARE READING
Make Your Own Destiny (Completed)
FanfictionENIGMA × OMEGA Start Date - 16.December.2022 End Date - 9.December.2023