သေခြင်းတရားရဲ့ရှင်သန်ခွင့်{part1}

3.8K 58 3
                                    

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အခန်း၁#

''နာမည်ကလဲ သေခြင်းတရားတဲ့ လာဘ်ကိုမရှိဘူးအေ´´

''ဟုတ်ပါ့ ဝေးဝေးရှောင်တာပဲကောင်းတယ်´´

''အိမ်က သားကိုမှာထားရမယ် ဒင်းနဲ့မပေါင်းဖို့ရာ´´

''ဟုတ်တယ် ဟုတ်တယ် ကျွန်မတို့လဲမှာထားရမယ်´´

သူကျောင်းထဲကို ဝင်လိုက်ကတည်းက စတင်ကြားရသော စကားသံများ သူ့အား နှာခေါင်းရှုံ့ကာ တီးတိုးပြောနေကျသော မိန်းမကြီးများအား သူဂြိုလ်ကြည့် ကြည့်လိုက်သည်။

''ဟဲ့ကလေး ဘာလာကြည့်နေတာလဲ သွားစမ်းဝေးဝေး ကျက်သရေယုတ်တယ် အကြည့်ကိုက´´

''ဟုတ်ပါ့ ထွီ´´

သူ့အား တံတွေးထွေးကာ ကဲ့ရဲ့နေကျသော ထိုမိန်းမကြီးများကို ခြင်းဒေါသများထွက်လာကာ အနီးမှ ခဲကိုကောက်ကာ လှမ်းပစ်လိုက်သည်။

''အမလေး သေပါပြီ´´

''ဟာ မခိုင်လေး ဘာဖြစ်သွားသေးလဲ အမလေးသွေးတွေပါလား ဟဲ့သေနာကောင်လေး နင်လူကြီးကို ဘယ်လိုလုပ်လိုက်တာလဲ တောက် ဒင်းကိုတော့လေ´´

အရွယ်နဲ့ မလိုက်အောင် သူ့အားစကားလုံးများဖြင့် ထိုးနှက်ခံနေရလေသည်။

ထိုအရွယ်ကတည်းက အခုချိန်ထိ သူ့အား ဘယ်သူမှ အပေါင်းသင်းမလုပ်ပဲ ကြီးပြင်းလာခဲ့တာ အသက်၂၀ပင်ပြည့်လေပြီ။

တစ်ယောက်ထဲ အိမ်ကြီးထဲမှာ အထိန်းတော်များဖြင့်သာ ကြီးပြင်းခဲ့ရသော သူ မိဘများရဲ့ ဂရုစိုက်မှု့မခံရတဲ့အပြင် လူအများရဲ့ ကဲ့ရဲ့ ရှုံ့ချမှု့တွေကိုပါ အရွယ်နဲ့မလိုက်အောင် ခံစားခဲ့ကာ အမြဲ အထီးကျန်ပြီး ဘယ်သူ့ကိုမှ အယုံကြည်မရှိခဲ့တာ ကြာနေလေပြီ။

''သား ထမင်းစားဖို့ ဒေါ်မိုး အဆင်သင့်လုပ်ထားပြီ´´

အထိန်းတော် ဒေါ်မိုးက သူ့အားထမင်းစားရန်လာခေါ်လေသည်။

''ဒယ်ဒီနဲ့မာမီကော ဒီနေ့ပြန်လာမယ်ဆို မလာဘူးလား ဒေါ်မိုး´´

''ဟို အဲ့တာကလေ အစည်းဝေးကမပြီး´´

''အဟွန်းးရပြီဒေါ်မိုး အဲ့ထမင်းလဲ ဒေါ်မိုးဘာသာ စားလိုက်တော့ ကျွန်တော်မစားတော့ဘူး´´

သေခြင်းတရားရဲ့ရှင်သန်ခွင့်Where stories live. Discover now