သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အခန်း၂၁#
''ဘာလို့ကားကိုတအားမောင်းနေတာလဲ သေခြင်းတရား လက်ကိုလဲလွှတ်ပါအုံး ကျွန်မအရမ်းနာနေပီ´´
''ဟင်!!တောင်းပန်ပါတယ်ခွင့်´´
''ဘာ!!´´
သူ့ဆီက အရင်လိုနွေးထွေးတဲ့စကားသံလေးထွက်လာသည်။တောင်းပန်တယ်တဲ့လား သူမလက်လေးကို အသာလွှတ်လိုက်ပီး ကားလေးကိုရပ်လိုက်သည်။
''ခွင့် ကျုပ်ကိုကြည့်ပါအုံး´´
သူမပုခုံးကိုဆုပ်ကိုင်ကာ သူ့ဘက်သို့ဆွဲလှည့်လိုက်ပီး ဝမ်းနည်းနေသည့်မျက်ဝန်းများဖြင့် စိုက်ကြည့်နေကာ သူ့ပါးပေါ်မျက်ရည်များစီးကျလာပီး
''ကျုပ်ကိုမုန်းနေပီလားဟင်ခွင့်´´
''ဟင် ရှင် ရှင်ကျွန်မကို´´
''ကျုပ်မင်းကိုမှတ်မိပါတယ်ခွင့်ရယ် ဒါပေမယ့်´´
''အီးဟီးဟီး ဒါနဲ့များ ဒါနဲ့များ ကျွန်မကိုရက်စက်ရတယ်လို့ အီးဟီး ရှင့်ကိုမုန်းလိုက်တာ အဟင့်ဟင့်´´
လက်တစ်ဖက်ဖြင့် သူ့ရင်ဘက်ကိုရိုက်ကာ ငိုကြွေးနေသောခွင့်ကို ရင်ခွင်ထဲဆွဲဖက်ထားလိုက်ရင်း
''တောင်းပန်ပါတယ်ခွင့်ရယ် ကျုပ်တောင်းပန်ပါတယ်´´
''ကျွန်မမှာတော့ ရှင့်ကြောင့်ငိုလိုက်ရတာ ရှင်ကတော့ ရှင်ကတော့ အီးးးးဟီးးး´´
''မငိုပါနဲ့တော့ခွင့်ရယ် မငိုပါနဲ့တော့ကွာ ကျုပ်မင်းနာကျင်နေတာမကြည့်ရက်တော့ဘူး မင်းငိုနေရတာမြင်ရင် ကျုပ်ကိုယ်တိုင်လဲ အရမ်းဝမ်းနည်းတာပဲ´´
''ရှင်ကျွန်မကို တစ်ကယ်မမေ့ဘူးလား´´
''ကျုပ်ကမင်းကိုသိပ်ချစ်တာလေ ကျုပ်သိပ်ချစ်တဲ့မင်းကို ဘယ်လိုမေ့ရမှာလဲ ကျုပ်မှာအကြောင်းရှိလို့ပါ´´
''ဒါဆိုအားလုံးဟန်ဆောင်ထားတာပေါ့´´
''အင်း သာလွန်မြတ်တို့ကိုထောင်ချောက်ဆင်ထားတာ´´
''အီးးဟီးးဟီးး´´
''ဟာ ခွင့်မငိုနဲ့တော့လေ´´
ESTÁS LEYENDO
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Romance❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာ နေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤 ကျွန်မ သေရမှာ အရမ်းကြောက်တယ် ကျွန်မဘဝက အသက်ရှင်ဖို့ မနည်...