သေခြင်းတရားရဲ့ရှင်သန်ခွင့်{part19}

1K 20 0
                                        

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အခန်း၁၉# 

''ကျွန်တော်ဆေးရုံဆငိးမယ်ကိုကြီး´´

''ဖြစ်ပါ့မလားညီလေးရ´´

''ကျွန်တော်သက်သာနေပါပီ အိမ်မှာပဲနားချင်တယ်´´

''ဒါဆိုလဲ သဘောပါကွာ´´

''ဒါနဲ့ ဟိုမိန်းကလေးက တစ်ကယ်ပဲကျွန်တော့်မိန်းမလား´´

''ဘာလို့လဲ တစ်ခုခုကိုသတိရလို့လား´´

''ကျွန်တော်ဘယ်လိုပဲတွေးတွေး သူ့ကိုဘယ်လိုမှခံစားချက်မရှိဘူး´´

''ဟင်!!´´

'''ဟုတ်တယ်ကိုကြီး ကျွန်တော်သူ့ကိုတွေ့ရင်စိတ်တွေတိုလာတယ် မုန်းလာတယ် သူ့ကိုမကြည့်ချင်လောက်အောင်ဖြစ်လာတယ်´´

''ဟုတ်ရဲ့လား ညီလေးရယ် မင်းသူ့ကိုသိပ်ချစ်ခဲ့တာပါကွာ´´

''အာ အဲ့တာတော့မဟုတ်ဘူးထင်တယ် မဖြစ်နိုင်လောက်ဘူး အဲ့လိုမိန်းကလေးမျိုးကို လက်ထပ်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုတောင်အံ့သြမိတယ်´´

သာလွန်မြတ်အလွန်အံ့သြနေမိသည်။သိပ်ချစ်ပါတယ်ဆိုတဲ့သူကဘယ်လိုဖြစ်လို့ အခုလိုများမုန်းတီးသွားရတာလဲ ဟန်ဆောင်နေတာမဟုတ်မှန်းလဲသိသာသည်။ 

''သူ့ကိုမချစ်တော့ဘူးလား´´

''ကိုကြီးပြောလို့သာ ကျွန်တာ့်မိန်းမလို့လက်ခံရတယ် သူ့ကိုဘယ်လိုမှချစ်မရဘူး ချစ်ခဲ့ဘူးတယ်လို့ကြားရတာ အံ့သြမိတာ တစ်ကယ်´´

''အခုသူ့ကိုမြင်တော့ဘယ်လိုခံစားရလဲ´´

''နာကျင်တယ် စိတ်ထဲအလိုမကျတော့ဘူး မုန်းတီးလာတယ် ဒေါသလဲထွက်လာတယ်´´

ထိုစကားများကို ရှင်သန်ခွင့်ကြားသွားရင်ထိုင်ငိုနေမှာသေချာတယ် ကြားရတဲ့သူတောင် အံ့သြမှင်သက်မိတယ်

''ကဲပါ ထားလိုက်ပါတော့အဲ့တာတွေ အခုဆေးရုံကဆင်းဖို့ လိုအပ်တာတွေလုပ်ပေးအုံး´´

''ဟုတ်ပါပီ ဒါဆိုခနလေးနော်´´

''ဟုတ်´´

>>>>>

''‌အဲ့တာ ဘာလုပ်နေတာလဲ´´

''ဟင် အမလေး´´

ခွမ်းးးးး

သေခြင်းတရားရဲ့ရှင်သန်ခွင့်Onde histórias criam vida. Descubra agora