သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အခန်း၁၈#
''လုပ်ကျပါအုံး ကားတိုက်သွားပီ´´
''လူကလွင့်သွားတယ်ထင်တယ် ကားထဲမှာမရှိဘူး´´
''ဟုတ်တယ် ဟိုမှာလွင့်ကျနေတယ်´´
''သေသွားပီလားမသိဘူး´´
''သနားစရာဟယ် လုပ်ပါဟဲ့ အရေးပေါ်ကားခေါ်ပါဟဲ့´´
''တိုက်သွားတဲ့ကားသမားကော မိလား´´
''ထွက်ပြေးသွားတယ်ထင်တယ်´´
''သူ့မှာဖုန်းတွေဘာတွေမပါဘူးလား´´
''ပါမယ်ထင်တယ်´´
''သူ့အိမ်ကိုဆက်ကြည့်ကျပါဟဲ့´´
လူအများတစ်ယောက်တစ်ပေါက်ပြောနေကျကာ အရေးပေါ်ကားခေါ်တဲ့သူကခေါ် သူ့ဖုန်းအားယူကာ ဆက်သွယ်ရမယ့်နံပါတ်ကိုရှာတဲ့သူကရှာနဲ့ လူအုပ်ကြီးက များနေလေသည်။
''ဟဲလို ဒီဖုန်းပိုင်ရှင်နဲ့ဘာတော်လဲ ဒီဖုန်းပိုင်ရှင် ကားတိုက်မှု့ဖြစ်လို့ပါ´´
''ဗျာ ဟုတ် ဟုတ်လား ဘယ်နားမှာလဲမသိဘူး´´
''ဒီနေရာက...´´
''ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်လာခဲ့ပါ့မယ် ဒုက္ခပါပဲဗျာ အဲ့တာကျွန်တော့်ညီလေးပါဗျာ´´
''မြန်မြန်လာနော် သွေးတွေအများကြီးထွက်ထားတယ် သိပ်အခြေနေမကောင်းဘူး´´
တစ်ဖက်မှ ဖုန်းချသွားမှ သာလွန်မြတ် ရီမောကာ မဒီ့ကိုယ်လုံးလေးကိုဖက်လိုက်ရင်း
''မဒီကသိပ်တော်တာပဲ အဟွန်း´´
''ကိုကိုမိန်းမပဲကို´´
''ဒါဆို ရှင်သန်ခွင့်ပေါ်လာဖို့ပဲကျန်တော့တာပေါ့´´
''စိတ်ချ မဒီစီစဥ်လိုက်မယ်အဲ့ကိစ္စကို´´
''အဲ့တာဆို အခု သေခြင်းတရားဆီသွားလိုက်အုံးမယ်´´
''အိုကေ ကိုကို´´
မဒီ့နဖူးလေးအား ခပ်ဖွဖွနမ်းကာ သေခြင်းတရားရှိရာသို့ထွက်လာခဲ့လေသည်။
>>>>>
''ဟင်!!!´´
ခွင့် နှုတ်ခမ်းလေးတွေအံ့သြခြင်းကြောင့် ပွင့်အာသွားကာ မျက်ဝန်းမှ မျက်ရည်တို့ကစီးကျလာလေသည်။
VOCÊ ESTÁ LENDO
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Romance❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာနေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤
