သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အခန်း၁၅#
''ဟင် သားခြင်းဘာဖြစ်လာတာလဲ´´
''အဟင်းးအဆင်ပြေပါတယိဒေါ်မိုးရယ် နည်းနည်းလေးပဲထိလာတာပါ´´
''ခွင့်ဆေးထည့်ပေးမယ်နော် ဒီမှာထိုင်´´
''ဟင် ဘာဖြစ်လာတာလဲ´´
ရုတ်တရက်ထွက်လာသည့်အသံကြောင့် ခွင့်ထိုမိန်းမကို ရွံရှာမုန်းတီးစွာကြည့်လိုက်ပီး ထိုမိန်းမရဲ့အမေးကိုမဖြေပဲ ဒေါ်မိုးကိုသာစကားလှမ်းပြောလိုက်သည်။
''ဒေါ်မိုး ဆေးဗူးယူပေးပါ´´
''ဒီမှာသမီးဆေးဗူးက´´
အရက်ပြန်နဲ့အရင်သန့်ပီးဆေးထည့်ပေးကာ ပတ်တီးစည်းပေးလိုက်သည်။ခွင့်ဂရုတစ်စိုက်လုပ်ပေးနေပုံကို သူကပြုံးပီးကြည့်နေသည်။
''ရပီ အခန်းထဲမှာခနလောက်နားလိုက်နော် ခွင့်လိုက်ပို့မယ်´´
''ကျုပ်လမ်းလျှောက်နိုင်ပါတယ်ခွင့်ရဲ့´´
သူပြောနေလဲ သူ့အားအတင်းတွဲကာ ခေါ်နေလေသည်။
သြော်ခွင့်ရယ် စတွေ့တုန်းကအတိုင်းပါပဲလား အဟင်း
သူသဘောကျစွာ ပြုံးလိုက်မိသည်။
''ခနလောက်အိပ်လိုက်နော် ပီးတော့ခွင့်မိဆုဆီခနလောက်သွားအုံးမယ်´´
''တစ်ယောက်တည်းစိတ်မချပါဘူးခွင့်ရယ်´´
''ဒေါ်မိုးနဲ့သွားလိုက်မယ်လေ´´
''မဖြစ်ပါဘူး ကျုပ်လိုက်ပို့ပါ့မယ်´´
အိပ်ယာပေါ်လှဲနေတဲ့သူက အတင်းထထိုင်နေသဖြင့် သူ့အားပြန်တွန်းလိုက်ရင်း
''ခနအိပ်နေပါရှင်ရယ် ခနလေးပါပဲ ဘာမှမပူနဲ့ ဒေါ်မိုးလဲပါမှာကို´´
''ခွင့်ရယ်ကျုပ်က´´
''ကဲပါ ခွင့်သွားတော့မယ် နာရီဝက်ပဲကြာမှာ စိတ်ချ´´
''ဒီလိုလုပ်ပါ့လား သူ့ကိုပဲဒီကိုခေါ်လိုက်ပါ့လား ကျုပ်စိတ်မချလို့ပါနော်´´
''ကဲပါရှင် ဟုတ်ပါပီ ဒါဆိုလဲသူ့ကိုဖုန်းဆက်ခေါ်ပီး ခြံထဲမှာပဲစကားပြောပါ့မယ်´´
KAMU SEDANG MEMBACA
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Romansa❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာနေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤
