သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အခန်း၂၈#
''မိသားစုဟုတ်လားသမီး´´
''အင်းဒေါ်မိုး ခွင့်ရယ်သားလေးရယ် မိဆုတို့လင်မယားရယ် အဲ့တာခွင့်ရဲ့မိသားစုပဲ´´
''ဒါ ဒါဆို ခွင့်သားလေးဆိုတာက သားခြင်းနဲ့´´
''အဟွန်းး´´
ခွင့်ရီလိုက်သဖြင့် ဒေါ်မိုးကနားမလည်သလိုကြည့်နေသည်။
''မေမေ´´
''သားလေး လာပီလား´´
''မေမေ တီဆုကသားကိုမုန့်တွေအများကြီးဝယ်ပေးတယ် ဒီမှာ´´
''ဟုတ်ပါပီရှင် အိမ်ရောက်မှစားနော်သားလေး လာမေမေချီမယ်´´
''ဟုတ်မေမေ´´
''ဒါ သမီးရဲ့သားလေးလား´´
''ဟုတ်တယ်ဒေါ်မိုး ဒါခွင့်ရဲ့သားလေးပါ´´
''သားခြင်းနဲ့သိပ်တူတာပဲ အဲ့မျက်လုံးလေးတွေ အဲ့နှုတ်ခမ်းလေးတွေက ငယ်ငယ်ကသားခြင်းနဲ့တစ်ထေရာတည်းပဲ´´
''ဒေါ်မိုး ဒီကိစ္စကိုလျို့ဝှက်ထားပေးပါနော် သူနဲ့တွေ့ဖြစ်ခဲ့ရင် သားလေးအကြောင်းမပြောပါနဲ့လား သားလေးကခွင့်ဘဝရဲ့အရေးကြီးတာမို့´´
''သမီးတစ်ယောက်တည်းရပ်တည်ခဲ့ရတာ အရမ်းပင်ပန်းခဲ့မှာပဲ´´
''ခွင့်အနားမှာသားလေးရှိနေရင်လုံလောက်ပါပီ´´
''သမီးရယ်´´
''ခနနေလေဆိပ်သွားရတော့မယ်ဒေါ်မိုး ခွင့်အိမ်ပြန်ပီး ပစ္စည်းတွေယူရအုံးမယ်´´
''သမီးကဘယ်မှာနေနေတာလဲဟင်´´
''ကနေဒါမှာဒေါ်မိုး´´
''အဆင်ရောပြေရဲ့လား´´
''အဆင်ပြေပါတယ်ဒေါ်မိုး ခွင့်သူငယ်ချင်းကခွင့်အပေါ်အရမ်းကောင်းတယ် ငွေရေးကြေးရေးလဲအဆင်ပြေတယ် ဘာမှပူစရာမလိုပါဘူး ဒါနဲ့ဒေါ်မိုးကကော ဘယ်လိုဖြစ်လို့အဲ့မှာအလုပ်မလုပ်တော့တာလဲ´´
''ခြင်းရဲ့အဖေက ဒေါ်မိုးကိုအလုပ်ထုတ်လိုက်တာ´´
''ဟင်!ဘာလို့လဲ´´
KAMU SEDANG MEMBACA
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Romansa❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာနေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤
