သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အခန်း၅#
''ခွင့် ငါနင့်ကို ပြောစရာရှိတယ်´´
''ပြောလေမိဆု´´
''ဟိုလေ ဒါပေမယ့်´´
''ဘာဖြစ်လို့လဲဟ´´
''ဟို အဲ့တာက´´
မိဆုက ပြောမယ့်အရေးကို တွန့်ဆုတ်နေတာမို့ ခွင့် စိတ်မရှည်တော့ပေ။
''ကဲ မိဆု နင်ဒီနေ့ပြောမှာလား မပြောဘူးလား´´
''နင် နင် ဒေါသကိုတော့ထိန်းနော်´´
''နင်က ဘာပြောမှာမို့လဲ´´
''ဟို ဟိုလေ အဲ့တာက သူရိန် သူရိန် သူက သူကလေ´´
''ကျစ် မိဆုရယ် ပြောမယ့်အရေးကိုဟာ ထစ်နေသေးတယ် ပြောစမ်းပါ မောင် ဘာဖြစ်လို့လဲ´´
''ဟို သူ အခြားမိန်းမနဲ့ အခြားမိန်းမနဲ့ ထွက်ပြေးသွားပီ´´
''ဘာ မိဆု နင်ဘာပြောတယ်´´
''ဟုတ်တယ် ဟိုတစ်ခါက ရှော့ပင်းစင်တာမှာ တွေ့တဲ့ ကောင်မလေးနဲ့ ညကပဲ ထွက်ပြေးသွားကျပီ´´
ခွင့် ခန္ဓာကိုလေး လဲကျမသွားအောင် မိဆုပုခုံးကို ဆုပ်ကိုင်ထားလိုက်သည်။အခြားမိန်းမနဲ့ထွက်ပြေးသွားပီတဲ့လား။သူ့ကိုထားပီးတော့ တစ်ကယ်ပဲ ထွက်သွားပီတဲ့လား ဘာလို့လဲ ဘာကြောင့်အဲ့လိုလုပ်ရတာလဲ သူ့ဘာအမှားလုပ်မိလို့လဲ။တွေးရင်း ဒေါသများက ထွက်လာသည်မို့
''မိဆု သူတို့ အခုဘယ်မှာလဲ´´
''နင် နင်ဘာလုပ်မလို့လဲ ခွင့် စိတ်လျှော့ပါဟာ´´
''ကျစ် ဘယ်မှာလဲသာပြောစမ်းပါဟာ´´
''မလုပ်ပါနဲ့ ခွင့်ရယ် ထားလိုက်ပါတော့ဟာ သစ္စာမရှိတဲ့ ယောကျာ်းတစ်ယောက်ကို´´
''မိဆု နင်ငါ့ဘက်ကို နားမလည်လို့ပြောနေတာလား´´
''မဟုတ်ပါဘူး ခွင့်ရယ် ငါနားလည်ပါတယ်´´
''နင်စဥ်းစားကြည့်ပါအုံး မိဆုရယ် ငါတို့လက်ထပ်ဖို့ထိတောင် စီစဥ်ပီးသွားပီလေ ဒါကို ဒါကိုသူက လုပ်ရက်တယ်ဟာ ငါ ငါဒီပတ်ဝန်းကျင်မှာ ဘယ်မျက်နှာနဲ့ ဆက်နေရမှာလဲ သူသစ္စာမရှိခဲ့တာက ငါ့အတွက် အရှက်ရစေတယ် မိဆု ပြောပါဟာ သူတို့ဘယ်မှာလဲ စိတ်ချပါ ငါစိတ်ကိုငြိမ်ငြိမ်ထားပီး အေးအေးဆေးဆေးဖြေရှင်းမှာပါ´´
ESTÁS LEYENDO
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Romance❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာနေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤
