သေခြင်းတရားရဲ့ရှင်သန်ခွင့်{part3}

2.3K 45 0
                                        

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အခန်း၃#

''အဲ့တာ ဘယ်လိုဖြစ်တာလဲခွင့် မင်းနဲ့သူနဲ့က ဘာတွေလဲ´´

''ဟာ မဟုတ်ဘူးမောင် သူက ခွင့်ရဲ့ CEOပါ ဘာမှမပက်သက်ပါဘူး´´

''မပတ်သက်လို့ မင်းနှုတ်ခမ်းကို အဲ့လိုနမ်းတာလား´´

''မောင် ခွင့်ကိုအဲ့လိုအကြည့်နဲ့မကြည့်ပါနဲ့ ခွင့်ကို သူအတင်းအကျပ်လာပီး´´

''ဘယ်လိုပဲဖြစ်ဖြစ် ငါစိတ်ဆိုးတယ်ခွင့် ငါကတော့မင်းကို အခုချိန်ထိတန်ဖိုးထားပီးမြတ်နိုးလို့ လက်ဖျားနဲ့တောင်မထိခဲ့ဘူး မင်းနှုတ်ခမ်းတွေကို ငါနမ်းဖို့နေနေသာသာ မင်းကိုဘယ်နှစ်ခါများ ငါထိခဲ့ဖူးလို့လဲ´´

''မောင်ရယ် ခွင့်ဘက်က သူ့ကိုအပြက်ပြောလိုက်ပါပီ ခွင့်အလုပ်လဲ ထွက်ဖို့ပြောပီးပီ စိတ်ချပါမောင် ခွင့်တို့အမြန်ဆုံး မင်္ဂလာဆောင်ကျတာပေါ့ နောက်လထဲထိမစောင့်နိုင်ရင် နောက်တစ်ပတ်ထဲမှာပဲ မင်္ဂလာဆောင်ဖို့ လုပ်ကျမလား ဟင် မောင်´´

''ကျစ် အဲ့လိုလုပ်လို့လဲ မဖြစ်သေးဘူးလေကွာ ဘာမှအဆင်သင့်မဖြစ်သေးပဲနဲ့ ဘယ်လိုလက်ထပ်မှာလဲ´´

''ဒါဆိုလဲ ခွင့်ကိုယုံကြည်ပေးလေ ခွင့်မှ အမှားမလုပ်တာ´´

''ဆောရီးကွာ ခုန မောင်နည်းနည်း စိတ်တိုသွားလို့´´

အခုမှ မောင့်မျက်နှာလေးပြန်ပီးရွှင်လန်းလာကာ ခွင့်ကိုယ်လေးကို ထွေးပွေ့ထားလိုက်သည်။

ခုန သူလွန်သွားပါသည်။ခွင့်မှာမှ အပြစ်မရှိတာ တစ်ကယ်ဆို အဲ့ဒီCEOဆိုတဲ့လူက ဇွတ်လုပ်ခဲ့တာပဲ။

>>>>>

ဟာကွာ တောက်

ခွမ်းးးးဒုန်းးးဒုန်းးး

''ဟင် ခြင်း ဘာဖြစ်တာလဲ အမလေး လက်မှာလဲ သွေးတွေနဲ့ပါလား ဘာဖြစ်တာလဲသားရယ် ဒေါ်မိုးလန့်လိုက်တာ´´

''ကျွန်တော့်ဘဝမှာ မေတ္တာဆိုတာ မရတော့ဘူးလား ကျွန်တော်က ဘာအမှားတွေလုပ်ထားလို့ အခုလို လူတိုင်းက စွန့်ခွာသွားပီး ပစ်ထားခဲ့ကျတာလဲ ကျွန်တော့်မိဘတွေရော ပတ်ဝန်းကျင်ကရော အားလုံးက ကျွန်တော့်ကို ဘာလို့စွန့်ပစ်ချင်နေကျတာလဲ သေခြင်းတရားဆိုတဲ့အတိုင်း သေဆုံးလိုက်မှပဲ ကျေနပ်ကျမှာလား အီးဟီးဟီး´´

သေခြင်းတရားရဲ့ရှင်သန်ခွင့်Nơi câu chuyện tồn tại. Hãy khám phá bây giờ