သေခြင်းတရားရဲ့ရှင်သန်ခွင့်
#ဇာတ်သိမ်းပိုင်း#
''ခွင့် ခွင့်အဆင်ပြေရဲ့လား ဘယ်လိုဖြစ်တာလဲခွင့်ရယ် ဒုက္ခပါပဲ´´
''မိဆုရယ် ငါသက်သာနေပါပြီဟ´´
''ဒီလိုအိပ်ယာကြီးထဲလှဲနေတာသက်သာတယ်တဲ့လား ဘယ်လိုဖြစ်တာလဲငါ့ကိုပြောပြပါအုံး´´
''အဲ့တာက သာလွန်မြတ်သူ´´
''ဘာ သာလွန်မြတ်ဟုတ်လား´´
''အင်း အဲ့နေ့ကလေဆိပ်မှာသူတို့နဲ့တွေ့တာ ငါ့မှာသားလေးရှိတာသိရင် သားလေးနဲ့ငါ့ကိုဒုက္ခပေးမှာစိုးလို့ ငါတစ်ယောက်တည်း´´
''ဟဲ့ နင်တစ်ယောက်တည်းသွားစရာလား မသေကောင်းမပျောက်ကောင်းခွင့်ရယ်..ဒဏ်ရာကတော်တော်နာနေသလားဟင် ဘာနဲ့ခိုင်းမိတာလဲ´´
''သာလွန်မြတ်က ရဲတွေလက်ထဲကသေနတ်လုပြီးသေခြင်းတရားကိုပစ်တာ ငါကသူ့အစား´´
''ဘယ်လို သေခြင်းတရားရဲ့အစားနင်ကဝင်ခံတယ်ဟုတ်လား နင့်ကိုမေ့နေတဲ့လူတစ်ယောက်အတွက်´´
မိဆုက ဒေါသတကြီးဆိုသည်။
''မဟုတ်ဘူးမိဆု သူအားလုံးပြန်မှတ်မိသွားပြီ သာလွန်မြတ်နဲ့မတွေ့ခင်ကတည်းက သူပြန်မှတ်မိသွားတာ´´
''ဒါဆို သားလေးအကြောင်းကော´´
''အားလုံးသိသွားပြီမိဆု´´
''ဒါဆို သူနဲ့လက်ထပ်မယ့်မိန်းကလေးကာရံနဲ့ကော´´
မိဆုစကားကြောင့် ခွင့် မိဆုကို စချင်လာ၏
''အင်းပေါ့ ကာရံနဲ့ကလက်ထပ်ဖို့စီစဥ်ပြီးပြီကို ငါကသားလေးနဲ့ဒီအတိုင်းပဲ´´
''ဟဲ့ ရူးနေသလား အားလုံးသိရဲ့နဲ့သူက အခြားတစ်ယောက်ကိုလက်ထပ်မယ်ပေါ့ ဒါကိုနင်ကလဲခွင့်လွှတ်နိုင်တယ်ပေါ့´´
''အင်း ငါကသူ့ကိုသိပ်ချစ်တာကို´´
''ခွင့်ရာ နင်ကတော့တစ်ကယ်ရူးနေပြီ တစ်ကယ်ပဲ ဘယ်မှာလဲသေခြင်းတရားနဲ့အဲ့မိန်းကလေး ငါကိုယ်တိုင်ပြောမယ်...´´
''သူတို့မင်္ဂလာဝတ်စုံသွားပြီးဝတ်ကြည့်ကျတယ်..´´
''ဘာ နင်ဒီလောက်ဖြစ်နေတာတောင် သူက´´
ВЫ ЧИТАЕТЕ
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Любовные романы❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာနေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤
