သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အခန်း၂၀#
မျက်လုံးများလေးလံနေပီး ခေါင်းများအလွန်ကိုက်ခဲနေသော်လဲ အားယူကာ မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။
ဒေါ်မိုးက စိုးရိမ်နေသောမျက်လုံးများဖြင့် သူ့အားငုံ့ကြည့်နေလေသည်။
ဟင်!!
သူပထမဆုံးသတိရမိတာ ခွင့်ကိုပါ။သူထဖို့ပြင်လိုက်ကာ
''ခွင့် ခွင့်ရောဟင် ကျွန် ကျွန်တော်ခွင့်ဆီသွားရမယ်ဒေါ်မိုး´´
''သားမထနဲ့လေ အဲ့လိုမလုပ်ပါနဲ့ ခွင့်ရှိပါတယ် ခွင့်ဘာမှမဖြစ်ပါဘူး´´
''ကျွန်တော်မယုံဘူးဒေါ်မိုး ခွင့် သူသူ တစ်ခုခုဖြစ်နေပီထင်တယ် ကျွန်တော်သွားပါရစေ´´
''သား ခြင်း သတိထားပါအုံးသားရယ် ဒေါ်မိုးပြောတာယုံပါ ခွင့်ဘာမှမဖြစ်ပါဘူး ခွင့်အန္တရာယ်ကင်းပါတယ် သူ့သူငယ်ချင်းကောင်မလေးဆီ သွားတွေ့တယ် သားကိုလဲစိတ်ပူနေရှာတယ် ဒေါ်မိုးသွားရှာခဲ့မယ်နော်´´
''နေ နေအုံးဒေါ်မိုး သာလွန်မြတ်တို့ကော´´
သူတစ်ခုခုကို သတိရသွားဟန်ဖြင့် တားလိုက်သည်။
''သားသတိမေ့နေတော့ သာလွန်မြတ်က ကုမ္ပဏီကို ဦးဆောင်နေတယ်´´
''ဟင် ဘယ်လို´´
''ဟုတ်တယ်သား သူဦးဆောင်နေတယ်´´
''ဘယ်လို!´´
သူအတော်ကြာအောင် စဥ်းစားလိုက်ရင်း
''ဒေါ်မိုး တစ်ခုကူညီပါ´´
''ပြောလေသား´´
''ကျွန်တော်သတိရတာ ဘယ်သူ့ကိုမှမပြောနဲ့အုံး´´
''ဟင် ဘာလို့လဲ´´
''ကျွန်တော့်ကိုကူညီပါဒေါ်မိုး´´
''ကောင်းပါပီသားရယ် ဒါနဲ့ ခွင့်ကိုရောလား´´
''အင်း ဟုတ်တယ်ဒေါ်မိုး ဒေါ်မိုးတစ်ယောက်တည်းပဲ သိထားပါ ကျွန်တော်အခြေနေကိုကြည့်ပီး ထလာခဲ့မယ်´´
''အင်းပါသားရယ်´´
>>>>>
''ဒေါ်မိုး သူအခုထိသတိမရသေးဘူးလား´´
VOUS LISEZ
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Roman d'amour❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာနေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤
