သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အခန်း၂၉#
''အဟွန်းးး´´
ခနဲ့တဲ့တဲ့ရီသံကနားထဲခါးသီးစွာဝင်လာသည်။
''မှတ်မိသားပဲ မင်းကောင်မလေးပြောတာတော့ မင်းအတိတ်မေ့နေတာဆို´´
''အဟွန်းးးခင်ဗျားနဲ့မတွေ့ခင်ကအထိကျုပ်ဘာမှမမှတ်မိဘူး အတိတ်မေ့နေတာဟုတ်တယ် ဒါပေမယ့်အခုကစပီး ကျုပ်အားလုံးပြန်မှတ်မိသွားပီ ခွင့်ဘယ်မှာလဲ ခင်ဗျားခွင့်ကိုခေါ်သွားတာလား´´
သူ့ရဲ့အင်္ကျီစကိုဆွဲကာမေးလိုက်တော့ သာလွန်မြတ်ပုခုံးနှစ်ဖက်ကိုတွန့်ပြ၍နှုတ်ခမ်းအစုံတို့မဲ့ကာ
''နိုးနိုး ငါသူ့ကိုမခေါ်ဘူး ငါတို့ချိန်းထားတဲ့ရက်မရောက်သေးဘူးလေ အချိန်တန်ရင်တော့ငါ့ဆီသူလာမှာပါ´´
''ဘာ!!ခင်ဗျားအဲ့တာဘာပြောတာလဲ´´
''သူဟိုးးရှေ့ကလမ်းကနေထွက်သွားပီး Taxiငှားစီးသွားတယ် သူနဲ့ချိန်းထားတဲ့ရက်က မနက်ဖြန် မင်းကောလာရမယ်နော် နေရာကတော့ ဟိုးအရင်ကဂိုဒေါင်ထဲ အဟက်´´
တောက်!!
အင်္ကျီကော်လံစကိုဆွဲထားသော သူ့လက်ကိုပုတ်ထုတ်ကာ သာလွန်မြတ်တစ်ဖက်ကားလမ်းမှာရပ်ထားသော သူ့ကားဆီသို့လျှောက်သွားကာမောင်းထွက်သွားလေသည်။
သူအရုပ်ကြိုးပြက် လမ်းမပေါ်ထိုင်ချလိုက်ကာ မျက်ရည်များစီးကျလျှက် ခွင့်မျက်နှာလေးကမျက်ဝန်းထဲပေါ်လာလေသည်။
ဝမ်းနည်းနေရှာတဲ့သူမ....ငိုကြွေးနေရှာတဲ့သူမ...နာကျင်နေရှာတဲ့သူမ...သိပ်ချစ်ရှာတဲ့သူမ...အဲ့ဒီသူမကိုမှ သူကမေ့ပစ်ရက်တယ်တဲ့လား....ပီးတော့သူမရဲ့ရှေ့မှာတင်အခြားတစ်ယောက်နဲ့လက်ထပ်ဖို့ပြောခဲ့တယ်တဲ့လား.....
အားးးးးတောင်းပန်ပါတယ်ခွင့်ရယ် တောင်းပန်ပါတယ် ကျုပ် ကျုပ်အသုံးမကျခဲ့တာ ဒီကောင်ကြီးအသုံးမကျခဲ့တာပါ မင်းအပေါ်မှာကျုပ်ရက်စက်ခဲ့မိတာတောင်းပန်ပါတယ်ကွာ အီးးဟီးးး
''ကို...ကိုကို´´
ကလေးတစ်ယောက်သဖွယ်အော်ဟစ်ကာငွေကြွေးနေရှာသော ကိုကို့ပုခုံးကိုကာရံဆုပ်ကိုင်လိုက်သည်။မျက်ရည်များကြားမှမော့ကြည့်လာ၍
ESTÁS LEYENDO
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Romance❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာနေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤
