သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အခန်း၉#
''သားခြင်း ဘယ်လိုဖြစ်လို့အရက်တွေသောက်နေရတာလဲကွယ် ဘာစိတ်ညစ်စရာတွေရှိလို့လဲ´´
''အဟင်းးကျွန်တော်မှာစိတ်ညစ်စရာတွေကအများကြီးပါဒေါ်မိုးရယ် ကျွန်တော်က ကျွန်တော်က ဒယ်ဒီ့ကိုမကာကွယ်လိုက်နိုင်ဘူး´´
''အို သားရယ် ဘာလို့အဲ့လိုတွေးရတာလဲကွယ် ဒါကကံကြမ္မာပဲလေ သားသေချာလုပ်တာမှမဟုတ်တာ ဘယ်လိုပဲဖြစ်ဖြစ် သားဒယ်ဒီနဲ့မာမီက သားကိုချစ်ပါတယ် သားအနားကထွက်သွားပေမယ့်´´
''ကျွန်တော်သိတယ်ဒေါ်မိုး သူတို့ကျွန်တော့်ကိုချစ်တယ်ဆိုတာကျွန်တော်သိတယ် ဒါပေမယ့် ကျွန် ကျွန်တော်နောက်ကျသွားတယ်ဗျာ ကျွန်တော်သိတာအရမ်းနောက်ကျသွားတယ် ဒယ်ဒီ့ရဲ့အသက်တောင်မမှီလိုက်ဘူး ကျွန်တော်အရမ်းကိုနောက်ကျသွားတယ် ကျွန်တော်က တစ်ကယ်ကိုစောက်သုံးမကျတဲ့ကောင်ပါဗျာ အီးဟီးဟီး´´
ကလေးတစ်ယောက်သဖွယ် အော်ဟစ်ငိုနေသော ခြင်းကိုကြည့်ကာဒေါ်မိုးနားမလည်ပေ။ဘာလို့အခုမှ တအားဝမ်းနည်းပီးငိုနေတာလဲ။
''ပီးတော့ ပီးတော့ ကျွန်တော်သိပ်ချစ်ရတဲ့ကောင်မလေး ကျွန်တော်သူ့ကိုရော ဘယ်လိုကာကွယ်ရမလဲ ကျွန်တော့်ကိုပြောပါအုံးဗျာ´´
ကိုယ့်ကိုယ်ကို ဒေါသများဖြစ်ကာ အရက်ကိုကြည့်တစ်ခွက်ပီးတစ်ခွက်သောက်ရင်း စိတ်တွေဆိုးနေမိလေသည်။ခနကြာတော့ သူစားပွဲပေါ်မှောက်သွားလေတော့သည်။
>>>>>
''ဒီနေ့ရုံးမသွားဘူးလား´´
အနားကပ်ကာမေးလိုက်သည့်အသံကြောင့် ခွင့်ခန္ဓာကိုယ်လေးတုန်သွားကာ ထအော်လိုက်မိသည်။
''အမလေး လန့်လိုက်တာ´´
''ဟာ လန့်သွားလား ဆောရီးကိုယ်က ဒီတိုင်းပဲမေးလိုက်တာ´´
''သြော် ဟုတ်နည်းနည်းပါ ဒါနဲ့ကိုသာလွန်မြတ် ဒီကိုဘာကိစ္စရှိလို့လဲ´´
''ကိုယ်အမှန်တိုင်းပြောရရင် မင်းကိုတွေ့ချင်လို့ ကိုယ်ညာပြောရရင် လမ်းကြုံလို့မင်းကိုတွေ့တာ´´
BẠN ĐANG ĐỌC
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Lãng mạn❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာနေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤
