သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အခန်း၁၀#
''ဟင် ဘာလို့ပြန်လာတာလဲ ဥက္ကဌ´´
''ခွင့်ကျုပ်နဲ့ခနလောက်လိုက်ခဲ့´´
''ဘယ်ကိုလဲ ဥက္ကဌ´´
''ကျုပ်အိမ်ကို´´
''ရှင် ဘာလို့လဲ´´
''ကျုပ် မနက်ဖြန်အတွက်အလုပ်ကိစ္စဖိုင်တွေပေးမလို့´´
''သြော် ဟုတ်ကဲ့´´
ဘာမှမသိရှာသောခွင့်က သူခေါ်ရာနောက်သို့လိုက်လာခဲ့လေသည်။
ကျုပ်ကိုခွင့်လွှတ်ပါခွင့်ရယ် မင်းကိုကာကွယ်ဖို့အတွက် ကျုပ်မှာအခြားနည်းလမ်းမရှိတော့တာမို့ ဒီနည်းလမ်းကပဲ ကျုပ်မင်းကို ကျုပ်အနားမှာထားနိုင်မှာမို့လို့ပါ။
''ရှင်ရယ် ဘာတွေစဥ်းစားနေတာလဲ အိမ်ကကျော်သွားပီလေ´´
''ဟင် သြော်ဟုတ်လား´´
အတွေးနဲ့မောင်းလာသောသူက အိမ်ရောက်သည်ကိုပင်သတိမထားမိပဲ ကျော်သွားလေသည်။ခွင့်သတိပေးလိုက်မှ သူကားကိုပြန်ကွေ့ကာ ခြံထဲမောင်းဝင်လာလေသည်။
''ဒေါ်မိုး သူ့အတွက်အအေးတစ်ခွက်လောက်ဖျော်ပေးပါအုံး´´
''အေးပါသားရယ် ဒေါ်မိုးဖျော်ပေးပါ့မယ်´´
ဒေါ်မိုးက မီးဖိုခန်းထဲဝင်ကာ အအေးသွားဖျော်နေလေသည်။သူခွင့်မျက်နှာလေးကိုငေးကြည့်နေမိကာ စိတ်မကောင်းဖြစ်နေလေသည်။
တစ်ကယ်တော့ သူခွင့်ကို တစ်ခါတည်း အပိုင်သိမ်းလာတာပါ ဒါကိုမသိတဲ့ခွင့်ကတော့ ကြောင်အမ်းအမ်းလေးနဲ့ အိမ်ကိုမျက်လုံးလေးဝေ့ကာကြည့်နေလေသည်။
''ခွင့် ခနလေးနော်´´
''ဟုတ်´´
မီးဖိုခန်းဘက်သူလျှောက်လာကာ
''ပေးပေးဒေါ်မိုး ကျွန်တော်ယူသွားလိုက်မယ် အခန်းထဲက ကျွန်တော့်ပစ္စည်းလေးတွေရှင်းပေးပါအုံး´´
ဒေါ်မိုးလက်ထဲမှ အအေးခွက်ကိုသူယူကာ အိပ်ထောင်ထဲမှ ဆေးတစ်ချို့ကို အအေးခွက်ထဲထည့်လိုက်ကာဇွန်းနဲ့သမအောင်မွှေပီး ခွင့်ဆီပြန်လျှောက်လာလေသည်။
ESTÁS LEYENDO
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Romance❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာ နေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤 ကျွန်မ သေရမှာ အရမ်းကြောက်တယ် ကျွန်မဘဝက အသက်ရှင်ဖို့ မနည်...