သေခြင်းတရားရဲ့ရှင်သန်ခွင့်{part31}

1.6K 23 0
                                        

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အပိုင်း၃၁#

''မဖြစ်ဘူး မဖြစ်ဘူး ကိုကို့ကိုရဲတွေဖမ်းသွားလို့မဖြစ်ဘူး မဒီကယ်မယ် ရအောင်ကယ်မယ် ကိုကိုအဖမ်းခံရလို့မဖြစ်ဘူး´´

ယွန်းမဒီချို အရူးတစ်ယောက်သဖွယ်ဖြစ်ကာ ကားလေးကို ဂိုဒေါင်အနောက်ဖက်မှမောင်းထွက်လာရင်း ကိုကို့ကိုဖမ်းခေါ်သွားသော ရဲကားနောက်သို့အမှီလိုက်ခဲ့လေသည်...

''ကိုကိုနဲ့မဒီတို့ရဲ့အစီစဥ်မအောင်မြင်သေးဘူး ကိုကိုအခုလိုအဖမ်းခံရလို့ဘယ်ဖြစ်မလဲ မဒီကရအောင်ပြန်ခေါ်ပါ့မယ်...´´

ရဲကားလေးဟာ မီးပွိုင့်တစ်ခုရှေ့မီးနီစောင့်နေလိုက်သည်။ယွန်းမဒီချို မျက်လုံးကိုစုံမှိတ်ကာ မီးနီစောင့်နေသော ရဲကားလေးထံသို့ လီဗာကိုနင်းကာ အလည်မှဖြတ်တိုက်ပစ်လိုက်သည်...

ကားလေးနှစ်စီးဟာ တစ်ပတ်လည်သွားပြီးတစ်ဖက်မှလာနေသော ၁၂ဘီးကားကြီးဆီသို့ဦးတည်လျှက်...

''ဟာသွားပြီ´´

ရှေ့မှမြင်လိုက်သော ကားကြီးဆီတိုးဝင်နေသော သူတို့ရဲကားလေးကြောင့် သာလွန်မြတ်မျက်လုံးများပြာဝေသွားကာ သွားပြီဟုရေရွက်လိုက်သော်လဲ နောက်ကျသွားချေပြီ။

ကျွီးးးးဒုန်းးး

သူတို့ရဲ့ရဲကားလေးဟာ ထိုကားကြီးအားတိုက်မိ၍ အရှိန်ပြင်းလွန်းသဖြင့် လွင့်စင်သွားကာ မီးများပင်ထတောက်လာလေသည်။

''ဟာ..ကားတိုက်သွားပြီဟေ့´´

''ရဲကားနဲ့ဟ´´

''လုပ်ကျပါအုံး ရဲကားကမီးလောင်နေပြီ´´

''ဟာဝေးဝေးနေကျ ပေါက်ကွဲလိုက်မယ်...´´

အုန်း...

ပေါက်ကွဲသံကြီးဟာ ကျယ်လောင်စွာထွက်ပေါ်လာလေသည်။လူအများ အဝေးမှကြည့်၍ မီးသတ်ကားကိုဖုန်းဆက်သူကဆက် အရေးပေါ်ကားကိုဖုန်းဆက်သူကဆက်နဲ့ဆူညံသွားလေသည်။

>>>>>

ခွင့်မျက်လုံးတို့လေးလံနေသော်လဲ အားယူကာဖွင့်ကြညိ့လိုက်သည်။သူမလက်အား ဆုပ်ကိုင်၍သူ့မျက်နှာပေါ်တင်ထားကာ ခေါင်းငုံ့ငိုကြွေးနေသောသူမသိပ်ချစ်ရတဲ့သူ..သူ့မျက်ရည်များက သူမလက်ဖဝါးလေးကို ရွှဲနေလေသည်

သေခြင်းတရားရဲ့ရှင်သန်ခွင့်Dove le storie prendono vita. Scoprilo ora