သေခြင်းတရားရဲ့ရှင်သန်ခွင့်{part14}

1.2K 26 0
                                        

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အခန်း၁၄#

''ကဲပြောပါအုံး ဘာလို့သူခိုင်းတာလုပ်နေရတာလဲ´´

''သူကအတင်းလာပြောနေလို့လေ ကျွန်မကမဟုတ်ပါဘူးလို့ပြောတာတောင်မရဘူး ဒါကြောင့်´´

''မင်းလက်တွေအနာခံပီး အဲ့အိတ်အကြီးကြီးကိုသယ်မယ်ပေါ့´´

''စကားမများချင်လို့ပါ အဲ့တာကြောင့်ကျွန်မက´´

''မင်းကိုကျုပ်ချစ်လို့လက်ထပ်ထားတာလေ သူများခိုင်းဖို့မှမဟုတ်တာ´´

''ကဲပါဟုတ်ပါပီ ဒါနဲ့ရှင်ကဘာလို့ပြန်လာတာလဲ ကုမ္ပဏီသွားမလို့မဟုတ်ဘူးလား´´

''ဟုတ်တယ်လေ မင်းကိုဒါလေးပေးဖို့မေ့နေလို့ ပီးတော့ကုမ္ပဏီကိုလိုက်ဖို့ပြန်လာခေါ်တာ´´

သူမလက်လေးကိုဆွဲယူကာ လက်စွပ်လေးဝတ်ပေးလိုက်ရင်းပြောလိုက်သည်။

''မလိုက်ချင်ပါဘူး´´

''ကျုပ်အလုပ်တွေတစ်ယောက်တည်းလုပ်နေရတာ ပင်ပန်းနေပီ အဲ့တာကြောင့်´´

''ရှင်ပြောတော့မခိုင်းဘူးဆို´´

''အင်းလေ ကျုပ်ကဘာပြောလို့လဲ မင်းကိုကျုပ်အနားမှာတစ်နေကုန်နေခိုင်းပီး မင်းမျက်နှာလေးကြည့်ပီးအလုပ်လုပ်ချင်လို့´´

''ကျွန်မကဘာမှမလုပ်ပဲ ထိုင်နေရမှာပေါ့´´

''အင်းပေါ့ မင်းကကျုပ်ဇနီးပဲကို ဘာလုပ်စရာလိုလို့လဲ´´

''အဲ့လိုကြီးထိုင်နေရမှာကျ´´

''လာပါခွင့်ရယ် လိုက်ခဲ့ပါနော် အပြန်ကျရင် မင်းသူငယ်ချင်းဆီလိုက်ပို့မယ်လေ´´

''မိဆုကရှင့်ကိုစိတ်ဆိုးနေမှာသေချာတယ်´´

''ဘာလို့လဲ´´

''ကျွန်မကိုအတင်းသိမ်းပိုက်ထားလို့လေ ရှင့်ကိုတွေ့ရင် မိဆုကလုပ်လိမ့်မယ်´´

ဒေါက် ဒေါက်

သူမတို့စကားပြောနေခိုက် အပြင်မှအခန်းတံခါးခေါက်သံကြောင့် သူကထကာ တံခါးဖွင့်ပေးလိုက်သည်။

ဟိုမိန်းမပါလား

''ဘာကိစ်စလဲ´´

''တို့တောင်းပန်ချင်လို့ပါ ခုနနားလည်မှု့လွဲသွားလို့´´

သေခြင်းတရားရဲ့ရှင်သန်ခွင့်Место, где живут истории. Откройте их для себя