သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အပိုင်း၄#
''ဒေါ်မိုး ကျွန်တော်အပြင်သွားအုံးမယ်´´
''သားရယ် မသွားပါနဲ့လား တော်ကြာသားဒယ်ဒီသိရင် သားကိုပိုပီးအပြစ်ပေးလိမ့်မယ်´´
''ခနလေးပါပဲ မကြာစေရဘူးစိတ်ချ သူတို့မသိအောင်သွားမှာပါ ခနလေးပါပဲနော်´´
''ဟို မသွားပါနဲ့သားရယ်နော် အကိုကြီးဆီက ခွင့်ပြုချက်ရမှသွားတာပိုကောင်း´´
''ဘာလဲ ဒေါ်မိုးက အလုပ်ပြုတ်မှာကြောက်နေတာလား´´
''ဟာ မဟုတ်ပါဘူး ဒေါ်မိုးအလုပ်ပြုတ်တာဘာမှမဖြစ်ပါဘူး သားကိုပိုပီး စိတ်ဆိုးဒေါသဖြစ်မှာဆိုးလို့ပါ´´
''အဟွန်းးရပါတယ် ကျွန်တော်ခံနိုင်ရည်ရှိနေပါပီ စိတ်ချပါ နာရီဝတ်လောက်ပဲကြာမှာပါ´´
ဒေါ်မိုးလဲ ပြောမရသည်မို့ သွားခွင့်ပြုလိုက်ရသည်။သူ ခွင့်ရဲ့ အိမ်ဘက်သို့ ကားလေးမောင်းကာထွက်လာခဲ့လေသည်။
အဝေးကနေ ငေးကြည့်ခွင့်ပဲရှိတော့သည်မဟုတ်လား သူမ မျက်နှာလေးကို ခနလောက်မြင်ရင်ကို ကျေနပ်ပါပီ။
သူကားလေးကို သူမတို့ ရက်ကွက်ထဲသို့ ချိုးကွေ့ဝင်လိုက်သည်။
''ဟင် ဟိုကောင်´´
ခွင့် တို့လမ်းထိပ်တွင် ဟိုနေ့က ခွင့်နဲ့လက်ထပ်တော့မည့်ကောင်လေးကကောင်မလေးတစ်ယောက်နဲ့ဖက်ကာ စကားတွေပြောနေသည်။သူကားကို ထိုနေရာသို့ ရပ်လိုက်ရင်း
''ဟေ့´´
သူ့ခေါ်သံကြောင့် ထိုလူကသူ့အားသေချာကြည့်လိုက်ကာ
''ဘယ်သူလဲ မသိ´´
''အဟွန်းစော်နဲ့သာယာနေတယ်ပေါ့´´
''ဘာကွ´´
''ဘယ်လိုလဲ ပျော်နေတယ်ပေါ့´´
''ဟိတ်ရောင် မင်းကဘယ်သူလဲ ဘာတွေလာပြောနေတာလဲ ကိုယ့်လမ်းကိုယ်သွား´´
''အဟက် ကျုပ်ဘယ်သူလဲ မမှတ်မိဘူးလား သေချာကြည့်ပါအုံး´´
ခြင်းပြောကာ အိတ်ထဲမှ ဖုန်းကိုထုတ်ကာ သူတို့နှစ်ယောက်ကို ဓာတ်ပုံလျှင်မြန်စွာရိုက်လိုက်သည်။

ESTÁS LEYENDO
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Romance❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာ နေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤 ကျွန်မ သေရမှာ အရမ်းကြောက်တယ် ကျွန်မဘဝက အသက်ရှင်ဖို့ မနည်...