သေခြင်းတရားရဲ့ရှင်သန်ခွင့်{part27}

1.2K 20 0
                                        

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အပိုင်း၂၇#

''မရှင်သန်ခွင့် မရှင်သန်ခွင့်´´

''သူစကားမပြောချင်တာကိုမခေါ်ပါနဲ့တော့ရှင် သူအရမ်းခံစားနေရတယ် အခုဒီကကာရံရဲ့မေးခွန်းတွေကသူ့ကိုနာကျင်စေတယ်´´

''ဒါဆို ဒီကအမကဖြေပေးပါ့လားဟင် သူတို့နှစ်ယောက်အရမ်းချစ်ခဲ့ကျလား အဲ့တာလေးပဲဖြေပေးပါ´´

''သေခြင်းတရားကိုပဲမေးလိုက်ပါ သူကကာယကံရှင်ပဲ´´

''သူ သူမမှတ်မိလို့ပါ´´

''မမှတ်မိဘူးဟုတ်လား ဘာကိုမမှတ်မိတာလဲ´´

''သူဘာကိုမှမမှတ်မိလို့ပါ သူကဟောဒီစာလေးကြောင့် ရှင်သန်ခွင့်ဆိုတဲ့ကောင်မလေးကိုလိုက်ရှာနေခဲ့တာပါ တစ်ကယ်တော့ ကိုကိုကလွန်ခဲ့တဲ့၆နှစ်လောက်က မတော်တဆတစ်ခုဖြစ်ခဲ့တယ်´´

''ဘယ်လို´´

''ကာရံသူ့ကိုတွေ့တာလွန်ခဲ့တဲ့၆နှစ်ကပါ သူ့ခေါင်းမှာသွေးတွေအများကြီးနဲ့လမ်းပေါ်မှာသတိမေ့နေတာ ကာရံကဆေးရုံကိုခေါ်သွားပေးပီးကူညီပေးခဲ့တာပါ သူသတိရလာတော့ ဘာမှမမှတ်မိဘူးပြောတယ် သူ့မိသားစုကိုတောင်မှမမှတ်မိလို့ ကာရံမနည်းစုံစမ်းပီး သူ့မိသားစုကိုဆက်သွယ်ခဲ့ရတာ´´

''နေ နေပါအုံး မတော်တဆမှု့ဆိုတာဘာဖြစ်တာလဲ ကားအက်ဆီဒင့်လား´´

''အဲ့လိုမဟုတ်ပါဘူး သူ့ဒဏ်ရာက တစ်ယောက်ယောက်ကရိုက်သွားတာတဲ့ လမ်းပေါ်မှာဒီတိုင်းလဲကျနေတာ´´

''သူကအတိတ်မေ့နေတဲ့လူလို့ပြောချင်တာလား´´

''ဟုတ် အဲ့လိုသဘောပါပဲ´´

''ဒါဆိုခွင့်ကိုသူတစ်ကယ်မသိတာပေါ့´´

''ဟုပါတယ် သူဘယ်သူ့ကိုမှမသိတာပါ မရှင်သန်ခွင့်ကိုသူလ်ုက်ရှာနေတာ ဒီစာကြောင့်ပါ ဒီစာထဲကနောက်ကွယ်ကအမှန်တရားကိုသိချင်လို့ အရမ်းနာကျင်စရာကောင်းရင် သူ့ကိုမသိစေချင်လို့ ကာရံလာပီးမေးရတာပါ´´

''ဒါဆိုနာကျင်စရာကောင်းတဲ့ဇာတ်လမ်းဆိုရင်သူကမသိတော့ပဲ ကျွန်မသူငယ်ချင်းကတစ်ယောက်ထဲခံစားပီး တစ်သက်လုံးနေသွားရမှာပေါ့ဟုတ်လား ဒီကကာရံနဲ့သေခြင်းတရားက ပျော်ရွှင်နေပီး ကျွန်မသူငယ်ချင်းကနာကျင်နေရမှာ တရားရဲ့လား´´

သေခြင်းတရားရဲ့ရှင်သန်ခွင့်Where stories live. Discover now