သေခြင်းတရားရဲ့ရှင်သန်ခွင့်{part24}

343 9 0
                                    

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အခန်း၂၄#

''သာလွန်မြတ်ကိုဖမ်းသွားပီ´´

''ဟင်!!တစ်ကယ်လား´´

''ပီးတော့လေ ဒယ်ဒီက အသက်ရှင်တယ်´´

''အို...တစ်ကယ်´´

''ကျုပ်လေပျော်နေမိတယ် ဒယ်ဒီလဲအသက်ရှင်နေတယ် သာလွန်မြတ်လဲအဖမ်းခံလိုက်ရပီဆိုတော့ ကျုပ်နဲ့မင်းကို ခွဲမယ့်သူ နှောက်ယှက်မယ့်သူမရှိတော့ဘူးလေ´´

''ခွင့်လဲရှင်နဲ့ထပ်တူပျော်မိတယ်´´

''ကျုပ်တို့လက်ထပ်ကျမယ်နော်´´

ခွင့်ခေါင်းလေးငြိမ့်ပြလိုက်သည်။သူခွင့်ခန္ဓာကိုယ်လေးကိုပွေ့ဖက်ထားလိုက်သည်။

''ခွင့်တို့မနက်ဖြန်လျှောက်လည်ကျမလား´´

''ခွင့်ဘယ်သွားချင်လို့လဲ´´

''ရုပ်ရှင်ကြည့်ချင်တယ် ပီးတော့မုန့်တွေလဲစားချင်တယ် ဓာတ်ပုံတွေလဲရိုက်ချင်တယ်´´

''ဟုတ်ပါပီခွင့်သဘောပဲ သြော်ဒါနဲ့လေ မန်နေဂျာဦးဇော်မင်းလေ သူဆေးရုံတင်ထားရတယ်´´

''ဟင်!!ဘာလို့လဲ´´

''သာလွန်မြတ်လေ သူ့ကိုဓါးနဲ့လှီးလိုက်တာ´´

''ဘုရားရေ! ဒါဆိုအခုရော အခြေနေကစိုးရိမ်ရလား´´

''အသက်အန္တရာယ်ကတော့မစိုးရိမ်ရတော့ဘူးတဲ့ ဒါပေမယ့်သတိရလာဖို့ကကြာလိမ့်မယ်တဲ့´´

''သနားပါတယ် အဲ့သာလွန်မြတ်ကတစ်ကယ်ရူးနေတာပဲ´´

''ဟုတ်တယ် တစ်ကယ်တော့ဦးဇော်မင်းကကျုပ်အပေါ်အမှားမလုပ်ခဲ့ပါဘူး ကျုပ်အထင်လွဲခဲ့တာ သူကဒယ်ဒီခိုင်းလို့သာ အဲ့လိုလုပ်ခဲ့တာတဲ့ ကျုပ်ကိုနောက်ကျောဓါးနဲ့ထိုးတယ်ထင်နေတာ တစ်ကယ်တော့မဟုတ်ဘူးပဲ´´

''ဦးဇော်မင်းကလူကောင်းပဲ ခွင့်အခုလိုကြားရတာစိတ်မကောင်းဘူး´´

''ဟုတ်တယ် ကျုပ်လဲသူ့ကိုအထင်လွဲခဲ့မိတာကိုအားနာမိတယ် သူအမြန်ဆုံးသတိရလာပါစေပဲဆုတောင်းမိတယ်´´

''ခွင့်လဲဆုတောင်းပါတယ် သူအမြန်သတိရလာပီး ကျန်းကျန်းမာမာနဲ့တစ်သက်လုံးနေနိုင်ပါစေလို့´´

သေခြင်းတရားရဲ့ရှင်သန်ခွင့်Où les histoires vivent. Découvrez maintenant