သေခြင်းတရားရဲ့ရှင်သန်ခွင့်{part2}

3.3K 59 0
                                        

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အခန်း၂#

''ဒေါ်မိုး ဒယ်ဒီ့ဆီဖုန်းခေါ်ပီး ပြောလိုက်ပါ မနက်ဖြန် ကျွန်တော် ကုမ္ပဏီမှာ အလုပ်ဝင်မယ်လို့´´

''ဒါကောင်းတဲ့ ကိစ္စပဲသားရဲ့ ကိုယ်တိုင်ပြောလိုက်ပါလား ကိုယ်တိုင်ပြောတာ ပိုမကောင်းဘူးလား´´

''အဟင်း...ဒေါ်မိုးရယ် မသိတာကျလို့ ကျွန်တော်ဖုန်းဆက်ရင် ဘယ်တုန်းကကိုင်ဖူးလို့လဲ မန်နေဂျာနဲ့ပဲတွေ့မှာပဲလေ အဲ့တော့ ဒေါ်မိုးပဲ မန်နေဂျာ့ဆီပြောထားလိုက် ခွင့်တောင်းတာမဟုတ်ဘူးနော် အသိပေးတာလို့ပြောလိုက်´´

''အင်းပါ ခြင်းရယ် ဒေါ်မိုးအခုပဲဆက်လိုက်မယ်နော်´´

ဒေါ်မိုးက ဝမ်းသာအားရဖုန်းခေါ်ကာပြောဘိုက်သည်။

''သား သားအဖေကပြောချင်လို့တဲ့´´

သူ့အားလာပေးသောဖုန်းအားလှမ်းယူလိုက်ရင်း သူရီချင်သွားသည်။

''ဟဲလို ဟုတ်ကဲ့ ကျွန်တော်ပြောနေပါတယ်´´

သူရွဲ့ကာပြောလိုက်သည်။ဒယ်ဒီ့မျက်နှာကြီး ရှုံးမဲ့နေမှာသေချာသည်။

''ငါ့ကိုလာရွဲ့မနေနဲ့ခြင်း မင်း ကုမ္ပဏီမှာအလုပ်ဝင်မလို့ဆို ဟုတ်လား ခြင်း´´

''ဘာလို့လဲ ဒယ်ဒီ ကျွန်တော်လာလို့မရဘူးလား´´

''မင်းကိုလာလို့မရဘူးလို့ မပြောပါဘူး မင်းကုမ္ပဏီမှာလာမှာဆိုရင် ရုံးခွဲကိုပဲသွား အဲ့ဒီမှာ မန်နေဂျာ ဦးမင်းဇော်ရှိတယ် သူက လုပ်ငန်းနဲ့ပက်သက်တာတွေ ရှင်းပြပေးလိမ့်မယ်´´

''အဟွန်း...ဒီအချိန်မှာတောင် ဒယ်ဒီ့နားမထားချင်ဘူးလား´´

''မင်းက လုပ်ငန်းအကြောင်းမှ သိပ်နားမလည်သေးတာ လုပ်ငန်းအကြောင်း လုံးစေ့ပတ်စေ့သိပြီဆိုရင်တော့ တစ်မျိုးပေါ့´´

''အဟက် ဒါဆို ကျွန်တော်က ရုံးခွဲမှာ ဘာရာထူးနဲ့လုပ်ရမှာလဲ အောက်ခြေသိမ်းတော့မဟုတ်ပါဘူးနော်´´

''သေခြင်းတရား မင်းငါ့ကိုလာရွဲ့နေတာလား´´

''သြော် ဒယ်ဒီရယ် ကျွန်တော်မှ လုပ်ငန်းအကြောင်းနားမလည်သေးတာ အဲ့တာကြောင့်´´

သေခြင်းတရားရဲ့ရှင်သန်ခွင့်Where stories live. Discover now